အမေရိကန်ကာကွယ်ရေးဝန်ကြီး ဂျိမ်းမတ်တစ်က အမေရိကန်အနေနဲ့ မြောက်ကိုရီးယားနဲ့ဆက်ဆံရာမှာ သံတမန်ရေးနည်းလမ်းများကို လမ်းဖွင့်ထားကြောင်းပြောဆိုလိုက်ပါတယ်။ ရုရှားနိုင်ငံကအမေရိကန်နိုင်ငံကို စစ်ရေးနည်းလမ်းဖြင့်မတုံ့ပြန်ဖို့ သတိပေးလိုုက်ပြီး စစ်ရေးနည်းလမ်းကိုရွေးချယ်ပါက မမျော်လင့်နိုင်တဲ့ အကျိုးဆက်တွေ ကြုံတွေ့လာရနိုင်တယ်လို့ ပြောကြားလိုက်ပါတယ်။ အင်္ဂါနေ့မှာမြောက်ကိုရီးယားရဲ့ ဂျပန်နိုင်ငံပေါ်ကိုဒုံးကျည်ပစ်ခတ်မှုဟာ ဒေသတွင်းစိုးရိမ်မှုတွေကိုပေါ်ပေါက်စေခဲ့ပါတယ်။

ဂျပန်တို့ကယခင်ကမကြုံခဲ့ဖူူးတဲ့ခြိမ်းခြောက်မှုအဖြစ်ညွှန်းဆိုတဲ့ ပြီးခဲ့တဲ့အင်္ဂါနေ့အစောပိုင်းကဖြစ်ပွားခဲ့တဲ့ ဒီဒုံးကျည်ပစ်ခတ်မှုဟာ ဟိုကိုင်းဒိုနယ်ကိုဖြတ်သန်းသွားခဲ့ပြီး ဂျပန်ကမး်ခြေအလွန်(၇၃၀) မိုင်အကွာအဝေးသို့ ကျရောက်ခဲ့ပြီး မကျရောက်မီတွင် ဂျပန်လူထုကိုအကာအကွယ်ယူရန် နှိူးဆော်ခဲ့ရပါတယ်။

ရုရှနိုင်ငံကတော့ ဒေသတွင်းအမေရိကန်နိုင်ငံရဲ့ စစ်ရေးလှုပ်ရှားမှုတွေဟာ တင်းမာမှုကို မြင့်တက်စေတယ်လို့ ပြစ်တင်ဝေဖန်လို်က်ပါတယ်။ ရုရှားနိုင်ငံခြားရေးဝန်ကြီးဆာဂျီလပ်နော့က သံတမန်နည်းလမ်းသည်သာ ကိုရီးယားကျွန်းဆွယ်မှာဖြစ်ပေါ်နေတဲ့ တင်းမာမှုတွေကိုဖြေရှင်းနိုင်တဲ့ တစ်ခုတည်းသောနည်းလမ်းဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးရက်တေလာဆန်ကို ဗုဒ္ဓဟူးနေ့က ဖုန်းခေါ်ဆိုရာမှာ ပြောကြားခဲ့ပါတယ်။

ရုရှားနိုင်ငံခြားရေးဝန်ကြီးမစ္စတာလပ်နော့ကဆက်လက်ပြီး ကုလသမဂ္ဂအနေနဲ့ နောက်ထပ် မြောက်ကိုရီးယားအပေါ် ပိတ်ဆို့အရေးယူမှုတွေဆက်လုပ်တာဟာ ဆန့်ကျင်ဘက်ရလဒ်တွေသာ ဖြစ်ပေါ်စေနိုင်ကြောင်း ပြောဆိုလိုက်ပါတယ်။ ကုလသမဂ္ဂဆိုင်ရာမြောက်ကိုရီးယားသံတမန်ကတော့ မြောက်ကိုရီးယားအနေနဲ့ နောက်ထပ်ပိုပြီးပြင်းထန်တဲ့ တုံ့ပြန်မှုတွေကိုပြုလုပ်ဖို့တွန့်ဆုတ်နေမှာမဟုတ်ဘူးလို့ ဂျီနီဗာမြို့မှာကျင်းပတဲ့ ကမ္ဘာ့ကုလသမဂ္ဂလက်နက်ဖျက်သိမ်းရေးဆိုင်ရာညီလာခံမှာ ပြောကြားသွားပါတယ်။

Source: BBC News Website

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။