အောက်ဖော်ပြပါနည်းလမ်းကို အသုံးပြုပြီး ၆ ရက်တည်းနဲ့ သိသိသာသာ ဗိုက်ခေါက် ကျစေနိုင်ပါတယ်။ ဒီလို ပြောလိုက်လို့ သင် အံ့သြသွားနိုင်ပါတယ်။ ဒါပေမဲ့ မယုံမရှိပါနဲ့။ လက်တွေ့ စမ်းသပ်ကြည့်လိုက်ပါ။ အိမ်တွင်းကုထုံး ၀ိတ်ချနည်းလို့ပြောလည်း ရပါတယ်။ ပါ၀င်ပစ္စည်းတွေကလည် နည်းပြီး လွယ်ကူလွန်းတာကြောင့် ခန္ဓာကိုယ် အလေးချိန်ကျချင်နေတဲ့ မည်သူမဆို စမ်းသပ်နိုင်ပါတယ်။ ကဲ ဒါဆိုရင် နည်းလမ်းလေးကို စပြီး ပြောပြတော့မယ်နော် …

ပါ၀င်ပစ္စည်းများ

- သံပရာသီး (သို့) သံပရာသီး (၅) လုံး

- ဂျင်း (တစ်ဆယ် ကျပ်သား)

ပြုလုပ်ပုံအဆင့်ဆင့်

- ဂျင်းကို ပါးပါးလှီးပြီး အတုံးသေးသေးလေးတွေ တုံးထားပါ။ အိုး အနေတော်ထဲ ထည့်ပါ။

- သံပရာသီး ကို ထို ဂျင်းထည့်ထားသော အိုးထဲသို့ အရည်ညစ်ထည့်ပါ။ အခွံများကို လေးစိပ်ခန့် လှီးပြီး ထို ပန်းကန်ထဲ ပေါင်းထည့်ပါ။

- ထို့နောက် အိုးထဲသို့ ရေ ၂ခွက်ခန့် ထည့်ပြီး ပွက်ပွက်ဆူသည် အထိ တည်ပါ။

- သံပရာသီး အခွံများ အပေါ်သို့ တက်လာသည်အထိ ဆူပွက်အောင် ကျိုချက်ပါ။

- ထို့နောက် ဇကာဖြင့် အဖတ်များကို စစ်ထုတ်ပါ။

အခုဆိုရင်တော့ ဗိုက်ခေါက်ကျနိုင်မဲ့အတွက် အကောင်းဆုံး ဆေးရည်တစ်ခု ရပြီ ဖြစ်ပါတယ်။ အဲ့ဒီအရည်ကို မကြာခဏ သောက်ပေးခြင်းဖြင့် ခန္ဓာကိုယ်အတွက် မလိုအပ်တဲ့ အဆီတွေကို သိသာထင်ရှားစွာ ဖယ်ထုတ်နိုင်ပါတယ်။ ဒါ့ကြောင့် ဗိုက်ခေါက်မှာစုနေတဲ့ အဆီပိုတွေကို လွယ်လွယ်ကူကူပဲ ဖယ်ရှားလိုက်တာကြောင့် အချိန် ၆ ရက်ပဲ လိုပါတယ်။

ယောက်ျားလေးပဲဖြစ်ဖြစ်၊ မိန်းကလေးပဲဖြစ်ဖြစ် ဗိုက်ခေါက်ထွက်နေရင် နောက်ချင် စချင်စရာ ကိစ္စ တစ်ခုလို ဖြစ်နေတတ်ပါတယ်။ ဒါ့ကြောင့် လူတိုင်းလှပ ကျစ်လစ်တဲ့ ခန္ဓာကိုယ်လေး ပိုင်ဆိုင်နိုင်ဖို့အတွက် နည်းလမ်းကောင်းလေး မျှဝေပေးလိုက်ပါတယ်။

သတင်းအရင်းအမြစ် - YouTube – Loose Belly Fat

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။