နာနတ်သီးဟာ အဟာရဓာတ်ပြည့်ဝစွာပါဝင်ပြီး အရသာရှိလို့ လူကြိုက်များတဲ့ အသီးအနှံတစ်မျိုးဖြစ်ပါတယ်။ နာနတ်သီးကို အမှည့်ကို ခွဲစားကြပြီး ဖျော်ရည်အဖြစ်လည်း သောက်သုံးတတ်ကြပါတယ်။ ယိုထိုးပြီးလည်း စားကြသလို ကြာရှည်ခံအောင် စည်သွပ်ဗူးနဲ့ ထည့်စားကြတာလည်း ရှိပါတယ်။ အချို့က ဟင်းချက်တဲ့ အခါ ထည့်ချက်တာမျိုးလည်း တွေ့ရပါတယ်။ နာနတ်သီးမှာ ဗီတာမင်ဓာတ်များကြွယ်ဝစွာပါဝင်လို့ ကျန်းမာရေးအတွက် အကျိုးပြုပါတယ်။

၁။ ကိုယ်ခံအားစနစ် - နာနတ်သီးတစ်လ့ုးမှာ လူတစ်ယောက်အတွက် တစ်နေ့တာလုံးလိုအပ်တဲ့ ဗီတာမင်-C ကြွယ်ဝစွာပါဝင်ပါတယ်။ ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးလို့ ကျန်းမာသန်စွမ်းစေပါတယ်။

၂။ ကင်ဆာရောဂါကာကွယ်ပေးခြင်း - နာနတ်သီးမှာ ဗီတာမင် A, Beta Carotene, Bromelain စတဲ့ Antioxidant တွေကြွယ်ဝစွာပါဝင်ပြီး မဂ္ဂနီဆီယမ်ဓာတ်လည်း ကြွယ်ဝစွာပါဝင်လို့ ကင်ဆာရောဂါဖြစ်ပွားမှုကို ကြိုတင်ကာကွယ်ပေးနိုင်ပါတယ်။ အထူးသဖြင့် ခံတွင်းကင်ဆာ၊ လည်ချောင်းကင်ဆာနဲ့ ရင်သားကင်ဆာ ဖြစ်ပွားမှုကို ကာကွယ်ပေးပါတယ်။

၃။ အစာချေစနစ် - အမျှင်ဓာတ်တွေကြွယ်ဝစွာပါဝင်လို့ အစာချေစနစ်ကို ကောင်းမွန်စေပါတယ်။ ဝမ်းချုပ်တာဈ၊ ဝမ်းလျောတာကို ကာကွယ်ပေးပါတယ်။ အူလမ်းကြောင်းကို ကျန်းမာစေပြီး သွေးဖိအားကိုလည်း ထိန်းထားပေးနိုင်ပါတယ်။

၄။ အရိုးကျန်းမာရေး - ကယ်လ်ဆီယမ်ဓာတ်ကြွယ်ဝစွာပါဝင်လို့ အရိုးကို ကျန်းမာကြံ့ခိုင်စေပါတယ်။ 

၅။ ခံတွင်းကျန်းမာရေး - Antioxidant Compound ဓာတ်တွေကြွယ်ဝစွားပါဝင်ပြီး ခံတွင်းကို သန့်စင်ပေးလို့ ခံတွင်းရောဂါအမျိုးမျိုးမှ ကင်းဝေးစေပြီး သွားဖုံးကိုလည်း ခိုင်ခံ့စေပါတယ်။

၆။ မျက်လုံးကျန်းမာရေး - အမြင်အာရုံကောင်းစေပြီး အသက်ကြီးလို့ဖြစ်လာတဲ့ အမြင်အာရုံေ၀ဝါးမှုကို နှောင့်နှေးစေပါတယ်။ Beta Carotene ပါဝင်လို့ အမြင်အာရုံဆိုင်ရာ ပြဿနာတွေကို ကာကွယ်ပေးနိုင်ပါတယ်။

၇။ သွေးဖိအား - သွေးလည်ပတ်မှုကိုကောင်းမွန်စေပြီး သွေးကြောလေးတွေကို သက်တောင့်သက်သာဖြစ်စေပါတယ်။

သတိထားရမယ့်အချက်များ

အလွန်အကျွံစားရင် လျှာလောင်တာမျိုးဖြစ်စေတတ်ပြီး ခေါင်းကိုက်တာ၊ ပျို့အန်တာ၊ ဝမ်းလျောတာမျိုးဖြစ်စေတတ်ပါတယ်။ Bromelain ပါဝင်မှုမြင့်မားလို့ အခန့်မသင့်ရင် ကိုယ်ဝန်ကို ထိခိုက်စေနိုင်လို့ ကိုယ်ဝန်ရှိတဲ့ အမျိုးသမီးများ နာန်သီးကို ရှောင်သင့်ပါတယ်။

သတင်းအရင်းအမြစ် - ကျန်းမာရေးဗဟုသုတများ

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။