LG နဲ့ Samsung မှာသင်ဘာကိုရွေးမလဲ ?

LG ဟာ နောက်ဆုံးမှာတော့သူ့ရဲ့ V30 phablet ကို Samsung Galaxy Note 8 ရဲ့ပြိုင်ဘက် အဖြစ်ချပြလိုက်ပါပြီ။ စွမ်းဆောင်ရည်ပိုင်းမှာတော့ သူတို့နှစ်ခုလုံးဟာ မကွာကြပါဘူး။ Processing Unit အနေနဲ့ Galaxy Note 8 ရော V30 ရော Snapdragon 835 chipset ကိုအသုံးပြုထားပါတယ်။

Display screen အပိုင်းမှာတော့ Galaxy Note 8 မှာပါလာတဲ့ပုံစံဟာ မျှော်လင့်ထားတဲ့အတိုင်း Galaxy S8 နဲ့သိပ်မကွာပါဘူး။ Note 8 ကို ၆.၃ လက်မရှိတဲ့ Super AMOLED display ကိုအသုံးပြုထားပြီး ဖုန်းဖန်သားပြင်ကိုကာကွယ်ဖို့ Gorilla Glass 5 ကိုအသုံးပြုထားပါတယ်။ Home button မှာ 3D Touch ကိုအသုံးပြုထားပါတယ်။ LG ကတော့ ၆ လက်မ P-OLED screen ကိုအသုံးပြုထားပါတယ်။ LG ဟာသူ့ရဲ့ V30 ဖန်သားပြင်ဟာ အဆင်းရာခြစ်ရာတွေကို ခံနိုင်ရည်ရှိတယ်လို့ အာမခံထားပါတယ်။ ဒါ့အပြင် HDR10 နဲ့ Dolby Vision နည်းပညာတွေက အသုံးပြုထားတာကြောင့် screen ရဲ့အရည်အသွးကိုပိုမို ကောင်းမွန်စေပါတယ်။

Camera ပိုင်းမှာတော့ Samsung ရဲ့ Note 8 မှာတပ်ဆင်ထားတဲ့ dual-camera ဟာ 12 megapixel မှန်ဘီလူးကိုအသုံးပြုထားပါတယ်။ Samsung ကတော့သူ့ရဲ့ နောက်ဘက် camera ဟာ Apple ရဲ့ iPhone 7 Plus မှာပါ၀င်တဲ့ စွမ်းဆောင်ရည်တွေထက်ပိုကောင်းကြောင်း ကြွေးကြော်ထားပါတယ်။ LG V30 မှာတော့ 16 megapixel ရော 13 megapixel ပါ ရှိတဲ့ မှန်ဘီလူးတွေတပ်ဆင်ထားပါတယ်။

ဘတ်ထရီပိုင်းမှာတော့ Samsung ရော LG ပါ 3300 mAh battery ကိုအသုံးပြုထားပါတယ်။ အရောင်တွေအနေနဲ့ Note 8 မှာတော့ အနက်ရောင်, ရွှေအိုရောင်, ခဲရောင် နဲ့ နက်ပြာရောင်တို့ကိုရွေးချယ်ဝယ်ယူနိုင်ပါတယ်။ LG V30 ကိုတော့ ငွေရောင် နဲ့ ပန်းရောင်တို့ကို ရွေးချယ်ဝယ်ယူနိုင်ပါတယ်။ 

စျေးနှုန်းတွေကတော့ Note 8 ဆိုရင် $900 ၀န်းကျင်ရှိပြီး၊ LG V30 ဆိုရင်တော့ $700 ၀န်းကျင်ရှိမှာ ဖြစ်ပါတယ်။

Source: msn news website

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။