အရပ်ရှည်တယ်ဆိုတာက မျိုးရိုးကြောင့်လည်း ဖြစ်နိုင်သလို လူနေမှု စတိုင်လ်နဲ့ အစားအသောက် ကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် သင်ကသာ အရပ်ရှည်ချင်တယ်ဆိုရင် သင့်ရဲ့ လူနေမှုစတိုင်လ် အစားအသောက် ကို ပြင်ပေးလိုက်ရုံဖြင့် အရပ်ရှည်ဖို့အတွက် အထောက်အပံ့ ကောင်းကောင်း ပေးနိုင်တယ်ဆိုတာ ယုံကြည်လိုက်ပါ။ ဘယ်လို အစားအသောက်တွေကို စားသုံးခြင်းဖြင့် အရပ်ရှည်ဖို့ အားပေးနိုင်လဲ ဆိုတာကိုလည်း ဖော်ပြပေးလိုက်ပါတယ်။

(၁) ငှက်ပျောသီး

ငှက်ပျောသီးက အရပ်ရှည်ဖို့အတွက် အထောက်အကူပေးရုံသာမက ခန္ဓာကိုယ် အလေးချိန်ကိုလည်း ကျစေပါတယ်။ ဒါ့ကြောင့်ဝိတ်ချချင်တဲ့သူတွေ အနေနဲ့လည်း ငှက်ပျောသီးကို စားသုံးနိုင်ပါတယ်။ ငှက်ပျောသီးက အလှအပအတွက်ရော ကျန်းမာရေးအတွက်ပါ သင့်တော် ကောင်းမွန်ပါတယ်။

(၂) ကြက်သား

ခန္ဓာကိုယ်ကြွက်သားနဲ့ Tissue တွေ တိုးတက် ကြီးထွားဖို့အတွက် ကြက်သားက အထောက်အကူပေးပါတယ်။ တစ်နေ့ကို ကြက်သား 50G စားသုံးပေးသင့်ပါတယ်။

(၃) ကြက်ဥ

ကြက်ဥ နေ့တိုင်းစားပေးခြင်းဖြင့် အရပ်ရှည်ဖို့အတွက် အထောက်အပံ့ကောင်း ပေးနိုင်ပါတယ်။ ကြက်ဥမှာ ဗီတာမင် များစွာပါ၀င်တာကြောင့် အရပ်ရှည်ဖို့အတွက် အကောင်းဆုံးသော အစားအစာထဲမှာ ပါ၀င်နေပါတယ်။ တစ်နေ့ကို ကြက်ဥ ၃ လုံးမှ ၆လုံးအထိ စားသုံးသင့်တယ်လို့တောင် ပြောထားပါတယ်

(၄) ပဲပိစပ်

ပဲပိစပ်ကိုလည်း မကြာခဏ စားသုံးသင့်ပါတယ်။ ပဲပိစပ်ကို အခုနောက်ပိုင်းများ မျိုးစုံ လုပ်စားလေ့ရှိကြပါတယ်။ ဒါ့ကြောင့် ပဲပိစပ်ကို သင့်အကြိုက်ဆုံး စာရင်းထဲမှာ ထည့်ထားမယ်ဆိုရင်လည်း အရပ်ရှည်ဖို့ အထောက်အကူ ဖြစ်စေပါတယ်။

(၆) နွားနို့

ဒါကတော့ လူသိများပါတယ်။ ကလေးတွေ အရပ်ရှည်ပြီး ကျန်းမာဖို့ နွားနို့ကို မကြာခဏ တိုက်လေ့ ရှိကြပါတယ်။ နွားနို့က အရိုးအဆစ်တွေကို သန်မာစေတာကြောင့် အသက်ကြီးတဲ့သူတွေလည်း သောက်သုံးကြပါတယ်။ ဒါ့ကြောင့် နွားနို့ကလည်း အကောင်းဆုံးသော အရပ်ရှည်ခြင်းကို အထောက်အပ့ံပေးတဲ့ အစားအစာ တစ်ခုပါပဲ။

(၈) ငါး

ငါးမှာ ဗီတာမင် ဒီ ပါ၀င်မှု များတဲ့ အပြင် တခြားသော အသားဓာတ်များ ပါ၀င်တာကြောင့် အရပ်ရှည်ဖို့အတွက် အထောက်အပံ့ ပေးနိုင်ပါတယ်။

(၇) အစိမ်းရောင် အသီးအရွက်အရွက်များ

သဘာဝ အရောင်က အစိမ်းရောင်ရှိပြီး လတ်ဆတ်သော အသီးအရွက်များကို မကြာခဏ စားသုံးပေးပါ။ အစိမ်းရောင် အသီးအရွက်တွေကို စားသုံးပေးခြင်းဖြင့်လည်း အရပ် ရှည်စေနိုင်ပါတယ်။

Source: YouTube

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။