ပြီးခဲ့တဲ့ရက်သတ္တပတ်က ဂျပန်နိုင်ငံကိုသွေးတိုးစမ်းခဲ့တဲ့ မြောက်ကိုရီးယားကတော့ နောက်ထပ်တစ်ကြိမ် ဒုံးကျည် ပစ်လွှတ်မယ်လို့ မြောက်ကိုရီးယား ခေါင်းဆောင်ကင်ဂျူံအန်က ယခုလိုပြောကြားခဲ့တာဖြစ်ပါတယ်။သြဂုတ် ၂၉ ရက်က ဂျပန်ကိုဖြတ်ကျော်ပြီး ဒုံးကျည်ပစ်လွှတ်ခဲ့သဖြင့် ဂျပန်ပြည်သူတွေစိုးရိမ်ခဲ့ရပါတယ်။ယခင်ပစ်လွှတ်ခဲ့တဲ့မြောက်ကိုရီးယားဒုံးကျည်ကတော့ ဂျပန်နိုင်ငံဟော့ကိုင်ဒိုကျွန်းကမ်းလွန် ပင်လယ်ပြင်အတွင်း ကျရောက်ခဲ့ပါတယ်။

ဂျပန်နိုင်ငံကိုဖြတ်ကျော်ပြီး ဒုံးကျည်ပစ်လွှတ်ခဲ့တဲ့ မြောက်ကိုရီးယားလုပ်ရပ်ကို ကုလသမဂအဖွဲ့ချုပ်က ရှူပ်ချမှုတွေပြုလုပ်ခဲ့ပါတယ်။အမေရိကန်ကလည်း ပြင်းထန်တဲ့သတိပေးချက်များတုံ့ပြန်ခဲ့ပါတယ်။Hwasong-12 တာလတ်ပစ်ဒုံးကျည်ဖြင့် ဂျပန်နိုင်ငံပေါ်မှဖြတ်ကျော်ပစ်လွှတ်ခဲ့မှုကြောင့် ကိုရီးယားကျွန်းဆွယ်မှာ တင်းမာမှုတွေမြင့်တတ်လာခဲ့တာလည်းဖြစ်ပါတယ်။

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျူံအန်က ဂျပန်နိုင်ငံအပေါ်ဖြတ်ကျော်ပြီး ဒုံးကျည်ပစ်လွှတ်မှုဟာ ပထမခြေလှမ်းသာဖြစ်သည်ဟု ပြောသည်။ယခုလိုဒုံးကျည်ပစ်လွှတ်မှုဟာ နောက်ထပ်လည်း ဒုံးကျည်ပစ်လွှတ်မှုတွေဖြစ်ပွားနိုင်တယ်လက္ခဏအဖြစ်ယူဆထားကြပါတယ်။နောက်တစ်ကြိမ် ပစ်လွှတ်မယ့်ဒုံးကျည်ကိုတော့ ပစိဖိတ်ဒေသရှိ အမေရိကန်ပိုင်နက် ဂူအမ်ကျွန်းကို ဦးတည်ပြီးစေလွှတ်သွားမယ်လို့ မြောက်ကိုရီးယားအစိုးရသတင်းငှါနက ခြိမ်းခြောက်ဖော်ပြခဲ့ပါတယ်။

source - bbc news

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။