အင်္ဂလန် ပရီးမီးယားလိဂ်ကလပ် ခရစ်စတယ်ပဲလေ့စ်သည် လီဗာပူးကစားသမား ဆာခိုကိုခေါ်ယူနိုင်ခဲ့သည်။ နောက်ခံလူ ဆာခိုအတွက် ခရစ်စတယ်ပဲလေ့စ်သည် ပေါင်၂၆သန်းပေးခဲ့ရသည်။ ခရစ်စတယ်ပဲလေ့စ်သည် ယခုအပြောင်းအရွှေ့ကာလတွင် ဆာခိုကို ခေါ်ယူရန် အလွန်အမင်း ကြိုးစားခဲ့သည်။ သို့သော် အပြောင်းအရွှေ့နောက်ဆုံးနေ့တွင်မှ ဆာခိုကိုခေါ်ယူနိုင်ခဲ့ခြင်းဖြစ်သည်။

ဆာခိုသည် လီဗာပူုးအသင်းတွင် ပွဲကစားခွင့် သိပ်မရခဲ့ပေ။ နည်းပြ ယာကန်ကလော့သည် ဆာခိုကို နောက်ပိုင်းတွင် လုံးဝအသုံးပြုခဲ့ခြင်းမရှိပေ။ ယခုအခါ ခရစ်စတယ်ပဲလေ့စ် ကစားသမားဖြစ်လာသော ဆာခိုသည် စကားအချို့ပြောကြားခဲ့သည်။ ဆာခိုက “ဒီကိုပြန်လာနိုင်ခဲ့လို့ကျွန်တော်တကယ်ပျော်ရွှင်ပါတယ်။ ဘာလို့လဲဆိုတော့ကျွန်တော့်သူငယ်ချင်းတွေဒီမှာရှိနေလို့ပါပဲ။ ပြီးခဲ့တဲ့ရာသီတုန်းကလိုစိန်ခေါ်မှုတွေကိုကျွန်တော်နှစ်သက်ပါတယ်။ တကယ်ကိုခက်ခဲခဲ့ပါတယ်။ ဒါပေမယ့်လှပပါတယ်။” လို့ပြောခဲ့ပါတယ်။ 

ဒါ့အပြင် ဆာခိုက“ကျွန်တော်ဒီနွေရာသီတစ်လျှောက်လုံးစဉ်းစားခဲ့တာကတော့ပဲလေ့စ်အသင်းကသာကျွန်တော့်ရဲ့အကောင်းဆုံးရွေးချယ်မှုပါပဲ။ ပဲလေ့စ်ပရိတ်သတ်တွေအတွက်ပြန်ကစားပေးရတော့မှာဖြစ်လို့ကျွန်တော်တကယ်စိတ်လှုပ်ရှားနေပါတယ်။ ဒါပေမယ့်ဒါဟာဘောလုံးဖြစ်တာကြောင့်အတိတ်ကအတိတ်ပါပဲ။ တကယ်စဉ်းစားဖို့လိုအပ်တာက ဒီနေ့ရယ်မနက်ဖြန်ရယ်ပါပဲ။ ပြီးခဲ့တဲ့ရာသီကကျွန်တေ်ာတို့အကောင်းဆုံးလုပ်နိုင်ခဲ့ပြီး ဒါကိုထပ်မံသက်သေပြသွားရမှာဖြစ်ကာရည်မှန်းချက်ထားရှိရပါမယ်။ ကျွန်တော်တို့ရဲ့စွမ်းအားတွေစုပေါင်းနိုင်တဲ့အခါမှာကျွန်တော်တို့ကောင်းမွန်တဲ့ရာသီတစ်ခုပိုင်ဆိုင်နိုင်မှာပါ။” လို့ပြောသွားပါတယ်။

Source – Daily Mail

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။