မနက်ကယှဉ်ပြိုင်ကစားခဲ့တဲ့ ဥရုဂွေးအသင်းနဲ့ အာဂျင်တီးနားအသင်းဟာ ဂိုးမရှိသရေရလဒ်နဲ့ပြီးဆုံးခဲ့ပါတယ်။နှစ်ဖက်အသင်းစလုံးဟာ တိုက်စစ်ကိုဖွင့်ပြီးကစားခဲ့တာကြောင့် ပွဲက မြိုင်ဆိုင်ပြီးကြည့်ကောင်းခဲ့ပါတယ်။နှစ်ဖက်အသင်းရဲ့ဂိုးသမားတွေလက်စွမ်းပြမှုကြောင့် ဒီနေ့ပွဲသရေရလဒ်ထွက်ပေါ်ခဲ့တာလည်းဖြစ်ပါတယ်။ဥရုဂွေးအသင်းဟာ အဆင့် ၃ နေရာမှာရပ်တည်နေပြီး အာဂျင်တီးနားအသင်းတော့ အဆင့် ၅ နေရမှာရပ်တည်နေတာလည်းဖြစ်ပါတယ်။

အာဂျင်တီးနားအသင်းဟာ ပွဲထွက်လူစာရင်းမှာ မက်ဆီ၊ ဒီဘာလာ၊ အီကာဒီ ၊ဒီမာရီးယားတို့ ကို ပွဲထွက်အသုံးပြုခဲ့တာလည်းဖြစ်ပါတယ်။ ဥရုဂွေးအသင်းကတော့ သူတို့အသင်းတိုက်စစ်မှူးတွေဖြစ်တဲ့ ကာဗာနီ ၊ဆွာရက်တို့ကို ဦးတည်ပြီး ပွဲထွက်ကစားစေခဲ့တာလည်းဖြစ်ပါတယ်။နှစ်သင်းလုံးရဲ့တိုက်စစ်ဖွင့်ကစားတဲ့ဗျူဟာ အခင်းအကျင်းကြောင့် ပွဲဟာ ကောင်းမွန်လာခဲ့ပါတယ်။၂၉ မိနစ်မှာ မက်ဆီရဲ့ကန်သွင်းမှုတိုင်ဘေးနားကနေ ကပ်ထွက်သွားခဲ့တာကြောင့် အဖွင့်ဂိုးရဖို့နစ်နာခဲ့တာလည်းဖြစ်ပါတယ်။

မိနစ် ၃၀မှာ ဆွာရက် ကွင်းလယ်ကနေလှမ်းကန်လိုက်တဲ့ဘောလုံးဟာ ဂိုးဘားတန်းကနေကျော်သွားခဲ့ပါတယ်။၃၆ မိနစ်မှာ ဥရုဂွေးအသင်းက သုံးဆင့်ကန်တဲ့ဘောလုံးကို အာဂျင်တီနား ဂိုးသမား သုံးဆင့်လို့ ကာကွယ်နိုင်ခဲ့တာကြောင့် အာဂျင်တီးနားအသင်း ကံကောင်းခဲ့ရတာလည်းဖြစ်ပါတယ်။၄၂ မိနစ်မှာ မက်ဆီ နဲ့ အီကာဒီ တွဲလုံးကနေ မက်ဆီကန်သွင်းခွင့်ရရှိခဲ့ရာ ဂိုးသမားကာကွယ်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။၅၇ မိနစ်မှာမက်ဆီရဲ့ ဖရီးကစ်ကန်သွင်းချက်ကို ဥရုဂွေးဂိုးသမား ပုတ်ထုတ် ကာကွယ်နိုင်ခဲ့တာကြောင့် ပွဲချိန်ပြည့် သရေရလဒ်သာထွက်ပေါ်ခဲ့တာလည်းဖြစ်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။