လူတွေရဲ့တစ်နေ့တာစားသုံတဲ့အစားအစာထဲမှာ အဆိပ်အတောက်ဖြစ်စေနိုင်တဲ့ ဓာတ်တချို့ပါဝင်နေပါတယ်။မထင်မှတ်ပဲ စားမိတဲ့အစားအစာတွေထဲက အဆိပ်အတောက်တွေကိုတော့ သင့်ရဲ့အသည်းကဖယ်ရှားပေးပါတယ်။ဒီလိုအဆိပ်အတောက်တွေကို ဖယ်ရှားပေးတဲ့ သင့်အသည်းကို ပြန်လည်အားကောင်းလာဖို့အတွက်လည်း လိုအပ်ပါသေးတယ်။ဒါကြောင့် အရေးကြီးတဲ့ အသည်းအားကောင်းစေဖို့အတွက်ကြောင့် သဘာဝဆေးနည်းလေးကို ပရိသတ်တွေအတွက် ဝေမျှလိုက်ရပါတယ်။ 

အသည်းအားနည်းလာလျှင်သင့်အနေနဲ့ အသည်းရောင် အသားဝါ ဘီပိုး၊ စီပိုး စသဖြင့် ပိုးတွေဝင်လာတက်ပါတယ်။ဒါကြောင့် အရေးကြီးတဲ့အသည်းအားကောင်းစေဖို့ သင်အနေနဲ့သောက်သုံးပေးရမှာကတော့လွယ်ကူရိုးရှင်းတဲ့ မန်ကျည်းဖျော်ရည်ပဲဖြစ်ပါတယ်။မန်ကျဉ်းသီးဟာ အသည်းကိုပြန်လည်နုပျိုစေတဲ့အပြင် အသည်းခြောက်ခြင်း၊ ကျုံ့ခြင်း၊ ကြွပ်ခြင်း၊ ဆတ်ခြင်း၊ ပုပ်ခြင်းတွေ မဖြစ်အောင် ကာကွယ်ပေးပါတယ်။

မန်းကျည်းဖျော်နည်းလေးကတော့ မန်ကျည်းသီးမှည့်အသင့်အတင့်နဲ့ထန်းလျက်အနည်းငယ်ကို မတ်ခွက်တခွက်ထဲ ထည့်ပြီး ရေနွေးဆူဆူ လောင်းထည့်ပါ။ မနက်ပိုင်းက စနှပ်ထားရင် ညနေဆိုရင် သောက်လို့ ရပါပြီ။ ချဉ်ချဉ်လေးကြိုက်ရင် သံပုရာသီး ညှစ်ထည့် သောက်သုံးနိုင်သလို အေးအေးလေး သောက်ချင်ရင်တော့ ရေခဲထည့်သောက်နိုင်ပါတယ်။အဆိပ် အပုပ် အပူအစပ်တွေ ကင်းရှင်းသွားပြီး၊ အသည်း အားကောင်းလာတဲ့အခါ သင့်ကျန်းမာရေးလည်း ကောင်းမွန် ပြည့်စုံမှာ သေချာပါတယ်။

သတင်းအရင်းအမြစ်-Excel Doctor 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။