အနုပညာလောကရဲ့ ထိပ်တန်းမင်းသားကြီး ဖြစ်သလို ယနေ့ခေတ် တက်သစ်စမင်းသားတွေနဲ့အပြိုင် နုပျိုနေကြသူတွေထဲမှာ ထပ်ဆင့်အကယ်ဒမီ ရန်အောင် ကထိပ်ဆုံးကပါဝင်ပါတယ် ပရိသတ်ကြီးရေ။ အနုပညာရှင် မင်းသားတွေဖြစ်တဲ့ အားလျော်စွာ အသားအရေနဲ့ ပတ်သတ်ပြီး ဂရုစိုက်တတ်သူတွေထဲမှာ ရန်အောင်လည်း ပါဝင်ပါတယ် ပရိသတ်ကြီးရေ။

တလောက အနုပညာမောင်နှမတွေဖြစ်တဲ့ စိုးမြတ်သူဇာတို့နဲ့အတူ ကိုရီးယားနိုင်ငံမှာ အသားအရည် စမ်းသပ်စစ်ဆေးမှုတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ ယခုတစ်ခါမှာတော့ မင်းသားရန်အောင် သူ့ရဲ့ လူမှုစာမျက်နှာမှတဆင့် ပရိသတ်တွေကို မျက်နှာနဲ့ပတ်သတ်ပြီး ထိန်းသိမ်းဖြစ်ပုံကို ယခုလိုရေးသားပြီး ပြောပြထားပါတယ်။

"မျက်နှာမှာ ညှစ်မရ ပြုမရတဲ့ အဆီဖုသေးသေးလေးတွေ, မလိုအပ်တဲ့ အဆီပိုတွေ, ကိုဖယ်ရှားလိုက်တယ်..???(နောက်တစ်ခေါက်မှ လကမ္ဘာလိုဖြစ်နေတဲ့ချွေးပေါက်တွေကို လေဆာပစ်မယ်)???" ဆိုပြီး ရေးသားထားပါတယ်။ ယခုလက်ရှိမှာတော့ ကိုရန်လေးတစ်ယောက် ဂျပန်နိုင်ငံသို့ "ဇာတိမြေ" ဇာတ်ကားရိုက်ကူးဖို့ ရောက်ရှိနေတယ်လို့ သိရပါတယ် ပရိသတ်ကြီးရေ......

Source: Yan Aung Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။