အနုပညာလောကရဲ့ နာမည်ကြီး ထိပ်တန်းစာရင်းဝင်တွေဖြစ်ကြသလို ယနေ့တိုင် မင်းသားအငယ်တွေနဲ့အပြိုင် လန်းနေကြဆဲ အနုပညာရှင်တွေကို Myanmarload ပရိသတ်ကြီးအတွက် ဖော်ပြပေးမှာဖြစ်ပါတယ်.........

ပထမဆုံးအနေနဲ့ ယနေ့တိုင် အနုပညာအလုပ်တွေ လုပ်ကိုင်နေပြီး နုပျိုလန်းဆန်းနေဆဲ ကိုရန်လေး (ရန်အောင်) ကို ဖော်ပြပေးချင်ပါတယ်။ ကျွန်တော်တို့ မိဘတွေခေတ်ကတည်းက နာမည်ကြီးခဲ့ပြီး ယနေ့တိုင် ခန့်ညားနေတဲ့ မင်းသားကြီးကတော့ ပရိသတ်တွေကြား ရေပန်းစားဆဲဖြစ်ပါတယ်။ 

ဒုတိယမင်းသားကတော့ နာမည်ကြီး သရုပ်ဆောင် မင်းဦး ဖြစ်ပါတယ်။ တစ်ခေတ်တစ်ခါက ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်ဖြစ်ခဲ့ပြီး တလောကမှ ချစ်သူနဲ့ အိမ်ထောင်ပြုခဲ့တာဖြစ်ပါတယ်။ သူ့ရဲ့ ကျန်းမာရေးလိုက်စားမှုကြောင့် ကိုယ်ခန္ဓာကျန်းမာသန်စွမ်းပြီး နုပျိုနေတဲ့ မင်းဦးကတော့ ပရိသတ်တွေရဲ့ အားပေးမှုကို ဆက်လက်ရရှိထားပါတယ်။

တတိယမင်းသားကတော့ ဘော်ဒီတောင့်တောင့် ရုပ်ဖြောင့်ဖြောင့်နဲ့ မင်းသား နိုင်းနိုင်းဖြစ်ပါတယ်။ ကျွန်တော်တို့တွေ ငယ်စဉ်ကတည်းက အားပေးနှစ်သက်ခဲ့ရတဲ့ မင်းသား ယနေ့တိုင် တက်သစ်စ မင်းသားတွေနဲ့အပြိုင် အနုပညာပိုင်းဆိုင်ရာ ရုပ်ရည်ပိုင်းဆိုင်ရာ ဘော်ဒီပိုင်းဆိုင်ရာ ကျဲနိုင်သေးတဲ့ သရုပ်ဆောင်ကောင်းအဖြစ် ပရိသတ်တွေကြား အားပေးခံရဆဲဖြစ်ပါတယ်။ 

နောက်ဆုံးတစ်ယောက်ကတော့ ပရိသတ်တွေကြား ယနေ့တိုင် အားပေးခံရဆဲ ကြောက်စရာကောင်းလောက်အောင် ပရိသတ်အခိုင်အမာရရှိထားပြီး ဆယ်စုနှစ်တစ်ခုကျော်ကြာ အောင်မြင်နေဆဲ အဆိုတော် စိုင်းစိုင်းခမ်းလှိုင်ပဲဖြစ်ပါတယ်။ ကျွန်တော်တို့ ငယ်စဉ်တည်းက စပေါ်ခဲ့တာဖြစ်ပြီး ယနေ့တိုင် အောင်မြင်နေဆဲ ပရိသတ်အကြိုက်ဖြစ်နေဆဲဖြစ်ပါတယ်။

Source: Celebrities' facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။