အနုပညာလောကရဲ့ ထိပ်တန်းအနုပညာရှင်စုံတွဲ တစ်တွဲဖြစ်သလို ပရိသတ်တွေသာမက အနုပညာရှင်အချင်းချင်းကပါ အားကျအတုယူရတဲ့ စုံတွဲကတော့ ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင်တို့ ဇနီးမောင်နှံဖြစ်ပါတယ်။ သူတို့နှစ်ဦးရဲ့ မင်္ဂလာသတင်းထွက်ပေါ်ခဲ့တဲ့အချိနိဟာ အနုပညာလောကမှာ လှုပ်ခတ်မှုကြီးမားခဲ့သလို ကောလဟာလတစ်ချို့ကြောင့် ပရိသတ်တွေရဲ့ စိတ်ဝင်စားမှုကို အကြီးအကျယ်ခံခဲ့ရပါတယ်။

ဒီကိစ္စတွေနဲ့ပတ်သတ်ပြီး နာမည်ကြီးအစီအစဉ်တစ်ခုဖြစ်တဲ့ Let's Talk မှာ ဇင်အောင်က ပြေတီဦးရဲ့ မင်္ဂလာဆောင်ချိန်မှာ ထွက်ပေါ်ခဲ့တဲ့ သုံးပွင့်ဆိုင် အချစ်ဇာတ်လမ်းနဲ့ အူဝဲဟာ ဘဝမှာဘယ်လောက်ထိ အရေးပါသလည်းဆိုပြီး မေးခွန်းထုတ်ခဲ့ပါတယ်။ ဒီမေးခွန်းကို ပြေတီဦးက သူ့ဘဝမှာ သုံးပွင့်ဆိုင်ဆိုတာ တစ်ခါမှမရှိခဲ့ဖူးကြောင်း၊ နှစ်ပွင့်ဆိုင်တွေသာ ရှိခဲ့တယ်လို့ ပြေတီဦးက အတိအလင်းဖြေခဲ့ပါတယ်။ ပရိသတ်တွေအနေနဲ့ ထင်မြင်ချက်တွေကို သူခံယူမှာဖြစ်ပြီး ဒီဟာတွေကို သူ့ခွန်အားနဲ့ ပြန်တည်ဆောက်ယူမယ်ဆိုပြီး ဖြေဆိုထားတာတွေ့ရပါတယ်။

ဒါ့အပြင် အူဝဲဟာ သူ့ဘဝအတွက် ဘယ်အတိုင်းအတာအထိ အရေးပါသလည်းဆိုတာနဲ့ ပတ်သတ်ပြီး ယခုလိုပြောပြထားပါတယ်။ ပြေတီဦးဟာ အူဝဲကို သူ့ဘဝရဲ့ အကြီးမားဆုံး အလောင်းအစားတစ်ခုနဲ့ လဲလှယ်ပြီး ရွေးချယ်ခဲ့တာလို့ ဆိုပါတယ်။ သူတို့လက်ထပ်ခဲ့တဲ့အချိန်မှာ ပြေတီဦးက နှစ်ပေါင်းများစွာ အနုပညာလောကမှာ ကျင်လည်ခဲ့ပြီးမှ အောင်မြင်မှုတွေ စတင်ရရှိနေချိန် ပရိသတ်အားပေးမှုရရှိနေချိန်ဖြစ်ပါတယ်။ ဒီလိုအချိန်မှာ အူဝဲကိုလက်ထပ်ခဲ့ရင် သူ့ရဲ့အောင်မြင်မှုတွေ ထိခိုက်နိုင်ချေရှိတယ်လို့ ပတ်ဝန်းကျင် အသိုင်းအဝိုင်း အနုပညာလောကသားတွေ အရိုဂျူဆာတွေက ပြောခဲပေမယ့် အူဝဲကိုရွေးချယ်ခဲ့ခြင်းဟာ အူဝဲက သူ့ဘဝအတွက ်ဘယ်အတိုင်းအတာထိ အရေးပါသလည်းဆိုတာ ခန့်မှန်းကြည့်နိုင်ကြောင်း ပြောပြခဲ့ပါတယ် ပရိသတ်ကြီးရေ.........

Source: Let's Talk (MRTV-4)

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။