အမေရိကန်၊ ဂျပန် နဲ့ တောင်ကိုရီးယားနိုင်ငံ တို့ဟာ မြောက်ကိုရီးယားကို အင်အားပြသသည့် အနေဖြင့် သြဂုတ်လ (၃၀) ရက်နေ့က ပူးတွဲစစ်ရေးလေ့ကျင့်ခဲ့ပါတယ်။ ဒီစစ်ရေးလေ့ကျင့်မှုမှာ စစ်လေယာဉ်အင်အား အများအပြား ပါ၀င်လေ့ကျင့်ခဲ့ပါတယ်။ 

အမေရိကန်ပြည်ထောင်စုမှှ F-35B Lightning II ခေတ်မှီတိုက်လေယာဉ်များကို B-1B သမားရိုးကျ ဗုံးကျဲလေယာဉ်များနဲ့အတူ ပထမဆုံး ပါ၀င်လေ့ကျင့်ခဲ့ပါတယ်။ တောင်ကိုရီးယားသမ္မတနိုင်ငံမှ F-15K Slam Eagle နဲ့ ဂျပန်နိုင်ငံမှ F-15J Eagle ခေတ်မှီတိုက်လေယာဉ်များလည်း ပူးပေါင်းပါ၀င်ခဲ့ပါတယ်။

ပစိဖိတ်ဒေသဆိုင်ရာ အမေရိကန်စစ်ဌာနချုပ်မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှုး David Benham က ဒီစစ်ရေးလေ့ကျင့်မှုဟာ မြောက်ကိုရီးယားရဲ့ တာလတ်ပစ်ဒုံးကျည်ပစ်ခတ်မှု အပေါ်တိုက်ရိုက်တုံ့ပြန်တာပဲ ဖြစ်တယ်လို့ သတင်းစာရှင်းလငး်ပွဲ မှာပြောကြားသွားပါတယ်။

ပစိဖိတ်ဒေသ အမေရိကန်လေတပ်ဖွဲ့ရဲ့ ကွန်မန်ဒါဖြစ်သူ ဗိုလ်ချုပ် Terrence ကတော့ ဒီပူးတွဲစစ်ရေးလေ့ကျင့်မှုဟာ ကျုပ်တို့မဟာမိတ်နိုင်ငံ အချင်းချင်း စည်းလုံးညီညွတ်မှုကို ထင်ထင််ရှားရှားပြသနိုင်ခဲ့ပြီး မြောက်ကိုရီးယားရဲ့ ဒေသတွင်းခြိ််မ်းချောက်မှု တွေကိုကာကွယ်ရာမှာ ပိုမိုပူးပေါငး်ဆောင်ရွက်မှာကို ထပ်လောင်းအတည်ပြုနိုင်ခဲ့ပါတယ် လို့ပြောကြားသွားခဲ့ပါတယ်။

source: the diplomat news website

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။