မြောက်ကိုရီးယားရဲ့ ဒုံးကျည်ပစ်ခတ်မှု အပြီးမှာတော့ ဂျပန်နိုင်ငံဟာ သူ့ရဲ့ဒုံးကျည်ကာကွယ်ရေး စနစ်တွေ ကိုအဆင့်မြှင့်တင်ဖို့ ပြန်လည်သုံးသပ်နေပါတယ်။ ဂျပန်နိင်ငံအနေနဲ့ မြေပြင်မှဝေဟင်ပစ် ခေတ်မှီ ပတ်ထရီရော့ ဒုံးကျည်စနစ်၊ သဘောင်္မှပစ်လွှတ်ရတဲ့ အေးဂျစ်စနစ် ဒုံးကျည်ကြားဖြတ် စနစ်တွေရှိသော်လည်း အဆင့်မြင့်တင်ဆဲဖြစ်ပြီး ပြီးစီးရန် နှစ်အတော်ကြာလိုအပ်နေပါသေးတယ်။

ဂျပန်နိုင်ငံ ဟာလက်ရှိအချိန်မှာ အေးဂျစ်အမျိုးအစား စစ်သင်္ဘောလေးစင်းပိုင်ဆိုင်ထားပြီး ခေတ်မှီလက်နက်စနစ်များ တပ်ဆင်ထားပါတယ်။ ဂျပန်ကာကွယ်ရေးဝန်ကြီးကတော့ စစ်သင်္ဘောအရေအတွက် ကို ၈စင်းအထိ ၂၀၂၁ မတိုင်မီ နှစ်ဆတိုးမြှင့်ဖို့ ရည်မှန်းထားပါတယ်။

ဂျပန်နိုင်ငံ အနေနဲ့ မြောက်ကိုရီးယားရဲ့ ဒုံးကျည် ကို ကြားဖြတ်ပစ်ချခြင်းမပြုခဲ့တာနဲ့ ပတ်သက်ပြီး အာဏာပိုင်တွေ ရဲ့ ဖြေရှင်းချက်မှာတော့ ဒုံးကျည်ဟာ ဂျပန်ပိုင်နက်ကိုကျော်လွန်သွားခဲ့ပြီး တိုက်ရိုက်ခြိမ်းခြောက်ခြင်းမရှိဘူး လို့ဆိုပေမယ့် တချို့သော ကျွမ်းကျင်သူတွေက ကြားဖြတ်ပစ်ချခြင်းမပြုနိုင်ခဲ့တာ ဖြစ်နိုင်တယ်လို့သံသယ ရှိနေကြပါတယ်။ 

နောက်ထပ် စောင့်ကြည့်ရမယ့် အချက်တွေကတော့ မြောက်ကိုရီးယားနိုင်ငံရဲ့ ဒုံးကျည်စွမ်းရည်တိုုးတက်လာမှုနဲ့ အမေရိကန်ပြည်ထောင်စု ရဲ့ ဂျပန်နိုင်ငံရဲ့လုံခြုံရေး အပေါ် မည်မျှအထိ တာဝန်ခံနိုင်မလဲဆိုတဲ့ အချက်တွေပဲဖြစ်ပါတယ်။

source: the diplomat news website

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။