"လူပျို ကြီးဘဝက ကျွတ်ဖို့အတွက် လိုပါသေးတယ်ဗျာ" လို့ပြောလာတဲ့ နေတိုးနဲ့ စိုင်းစိုင်း

သရုပ်ဆောင်လောကရဲ့ထိပ်တန်းစာရင်းဝင် နေတိုးဟာ အကယ်ဒမီရွှေစင်ရုပ်တု နှစ်ခုကို ပိုင်ဆိုင်ထားပြီး အနုပညာအလုပ်တွေကို လုပ်ကိုင်လာခဲ့တာ အခုဆိုရင်တော့ အသက် ၃၀ ကျော် လူပျိုကြီးတောင် ဝင်လာပါပြီဗျာ။ သူ့လိုပဲ လူပျိုကြီးစာရင်းဝင်နောက်တစ်ယောက်ကတော့ ဆယ်စုနှစ်တစ်ခုကြာ ပရိသတ်အခိုင်အမာနဲ့ ရပ်တည်လာခဲ့တဲ့ အဆိုတော် စိုင်းစိုင်းခမ်းလှိုင် ပဲဖြစ်ပါတယ်။

ကဲ နှုတ်ခမ်းနီမလေးတွေရဲ့အသည်းကျော် ကိုလူပျိုကြီးနှစ်ယောက်က သူတို့ရဲ့ အချစ်ရေးနဲ့ပတ်သတ်ပြီး ဘာတွေပြောခဲ့ကြသလဲ………

လက်ထပ်ဖို့ကော စီစဉ်နေကြပြီလား ဆိုတာကိုတော့……………

လူပျိုကြီးဘဝက ကျွတ်ပြီး အိမ်ထောင်သည်ဘဝရောက်ဖို့အတွက် လိုပါသေးတယ်။ စိတ်လွတ်ကိုယ်လွတ်နဲ့ အနုပညာအလုပ်တွေကိုပဲ လုပ်ချင်သေးတယ်လို့ ပြောလာကြပါတယ်။

နေတိုးကတော့ "အနုပညာအလုပ်တွေ လုပ်ခွင့်ရတုန်း လုပ်နေတာပါ။ အနုပညာက ပထမပါ။ အိမ်ထောင်ရေးအတွက်တော့ လတ်တလော မစဉ်းစားချင်သေးဘူး" လို့ ပြောပါတယ်။

စိုင်းစိုင်းကတော့ "အချစ်ရေးနဲ့ပတ်သတ်ပြီးတော့ ထွေထွေထူးထူးပြောစရာမရှိပါဘူး။ အိမ်ထောင်ပြုဖို့ကလည်း အဝေးကြီး လိုသေးတယ်ဗျ" လို့ပြောပါတယ်။

ဒါပေမဲ့ ပရိသတ်ကြီးရေ သူတို့နှစ်ယောက်လုံးက သာယာတဲ့မိသားစုလေး တည်ဆောက်ဖို့တော့ စိတ်ကူးထားပါတယ်တဲ့။ အိမ်ထောင်ပြုမယ်ဆိုရင်လည်း ပရိသတ်ကို အသိပေးမှာပါလို့ ပြောသွားပါသေးတယ်…………

လက်ရှိအနုပညာလှုပ်ရှားမှုအနေနဲ့ကတော့ "From Bangkok to Mandalay "ဆိုတဲ့ ထိုင်းမြန်မာဖက်စပ် ရုပ်ရှင်ဇာတ်ကားကြီးမှာ ပါဝင်သရုပ်ဆောင်ထားပြီး ရုံတင်ပြသလျက်ရှိကြောင်း သိရပါတယ်။

Source: Facebook

Go Goe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။