ထုတ်ဝေသူတွေရဲ့ငြင်းပယ်မှုကိုခံရသော်လည်း အရှုံးမပေးဘဲ အောင်မြင်ခဲ့သူ

သူမဟာ တစ်နေ့မှာ ရထားစီးရင်း စိတ်ကူးယဉ် ၀တ္ထုဇာတ်လမ်း တစ်ပုဒ်အကြောင်း ခေါင်းထဲရုတ်တရက်ရောက်လာခဲ့ပါတယ်။ အဲ့ဒီ့ ဇာတ်လမ်းလေးကတော့ တချိန်ကမ္ဘာကျော် လာမယ့် ဟယ်ရီပေါ်တာ ၀တ္ထုဇာတ်လမ်း ပဲဖြစ်ပါတယ်။ ဒါပေမယ့်သူမဟာ ရထားပေါ်မှာ စာရေးစရာဆိုလို့ ဘာမှမပါခဲ့တာကြောင့် အိမ်ရောက်မှရေးခဲ့ပါတယ်။ သူမဟာ ကလေးတစ်ယောက်အမေ တစ်ခုလတ်ဖြစ်ပြီး အလုပ်အကိုင်မရှိတာကြောင့် အစိုးရထောက်ပံ့ကြေးဖြင့် စားရင်း စာအုပ်ကိုရေးခဲ့ရပါတယ်။ 

သူမဟာ ဆောင်းတွင်းမှာ တိုက်ခန်းထဲက အပူပေးစက်အတွက် လျှပ်စစ်မီတာခ ချွေတာတဲ့အနေနဲ့ ကော်ဖီဆိုင်မှာ မိုးချုပ်ဆိုင်သိမ်းတဲ့ အထိစာထိုင်ရေးခဲ့ပါတယ်။ စာအုပ်ကိုရေးတာ ငါးနှစ်ကြာမှ ပြီးသွားခဲ့ပါတယ်။ စာမူကို ထုတ်ဝေသူတွေဆီကို ပို့ခဲ့သော်လည်း ထုတ်ဝေသူပေါငး်တစ်ဒါဇင်ကျော် ကစာအုပ်ထုတ်ဖို့ ငြင်းပယ်ခံခဲ့ရပါတယ်။ 

တစ်နှစ်ကြာပြီးသောအခါမှသာ စာအုပ်တိုက်တစ်တိုက်က သူ့စာမူကိုစာအုပ် ထုတ်ဝေခဲ့ပါတယ်။ သူမရဲ့ ၀တ္ထုဟာ အုပ်ရေ သန်းပေါငး်များစွာ ရောင်းခဲ့ရပြီး ရုပ်ရှင်ရိုက်တဲ့အခါမှာလည်း အကြီးအကျယ်အောင်မြင်ခဲ့ပါတယ်။ ဒါ့ကြောင့်သူမဟာ ကမ္ဘာကျော်စာရေးဆရာမ နဲ့ မိီလျံနာသူဌေး တစ်ယောက် ဖြစ်သွားခဲ့ပါတယ်။

ကလေးတစ်ယောက် အမေဖြစ်သော်လည်း အခက်အခဲတွေကို အရှုံးမပေးဘဲ ကြိုးစားခဲ့ပုံဟာ ချီးကျူးစရာ အတုယူစရာ ကောင်းလွန်းတာကြောင့် စာဖတ်သူများ ဗဟုသုတဖြစ်ဖွယ် တင်ပြပေးလိုက်ပါတယ်။

အကိုးအကား - ဗန်းမော်သိန်းဖေ ဆင်းရဲနွံ မှ ချမ်းသာဘုံသို့

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။