တောင်ကိုရီးယားအခြေစိုက်Samsungအနေနဲ့လူငယ်တွေအတွက်ရည်ရွယ်ပြီးမျက်နှာပြင်နှစ်ခုပါဆန်းသစ်တဲ့စမတ်ဖုန်းပုံစံအသစ်တစ်မျိုးကိုအင်္ဂလန်မှာမိတ်ဆက်ခဲ့ကြောင်း The Sun မှာဖော်ပြထားပါတယ်။အဆိုပါစမတ်ဖုန်းအမည်က Samsung Leader 8 ဖြစ်ပြီးခေါက်ဖုန်းအသွင်းနဲ့ ပွဲထုတ်လာတာပါ။ 

ထိတွေ့မျက်နှာပြင်ပုံစံနဲ့သာမကKeyPadပုံစံနဲ့လည်းအသုံးပြုနိုင်တယ်လို့ Samsung က ထုတ်ဖော်ပြောကြားထားပါတယ်။ ထိတွေ့မျက်နှာပြင်အကျယ်က ၄.၂ လက်မရှိသလိုနောက်ဖက်ကင်မရာအဖြစ်8MPအရည်အသွေးရှိကင်မရာနဲ့ရှေ့ဘက်ကင်မရာအဖြစ်5MPအရည်အသွေးရှိကင်မရာကိုထောက်ပံ့ထားပြီးစမတ်ဖုန်းလုံခြုံရေးအတွက် လက်ဗွေဖတ်စနစ်ကိုအသုံးပြုနိုင်ပါတယ်။ 

ကံဆိုးတဲ့အချက်ကတော့SamsungLeader8ကိုတရုတ်နိုင်ငံမှာပဲရောင်းချသွားမယ်လို့သိရပါတယ်။အင်္ဂလန်မှာမိတ်ဆက်ခဲ့ပေမယ့်တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ရောင်းချဖွယ်မရှိပါဘူး။လက်ရှိအချိန်မှာတော့ Samsung Leader 8 စမတ်ဖုန်းရောင်းချမယ့်ငွေကြေးတန်ဖိုးကိုတော့ Samsung ကထုတ်ပြန် ကြေညာထားခြင်းမရှိပါဘူး။

Aung

Source: The Sun

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။