မြန်မာပြည်မှာ အချိန်တိုအတွင်း လူသိများ ကျော်ကြားတဲ့ Make-up Blogger တစ်ဦးအဖြစ် ရပ်တည်နေသူကတော့ နေခြည်ဦး ဖြစ်ပါတယ်။ ပရိသတ်တွေကတော့ ချစ်စနိုးနဲ့ ချီချီလို့ ခေါ်တဲ့သူမကို အလွန်ချစ်ကြသလို သူမရဲ့ honest review တွေဟာလည်း မိန်းကလေးတွေအတွက် အလှအပဆိုင်ရာ ကိုးကားစရာဖြစ်လို့နေပါတယ်။

နာမည်ကြီး မင်းသားဖြစ်သူ အောင်ရဲလင်းနဲ့ ချစ်သူတွေဖြစ်ကြပြီး လတ်တလောမှာတော့ သူတို့အချစ်ရေးနဲ့ ပတ်သတ်တဲ့ ကောလဟာလတွေ ထွက်ပေါ်လို့နေပါတယ်။ ဂျပန်ပြည်ကို ရောက်နေတဲ့ အောင်ရဲလင်းကတော့ အချစ်ရေးနဲ့ပတ်သတ်တဲ့ ကောလဟာလတွေကို အချိန်ကသက်သေပြသွားပါမယ် ဆိုပြီး လေဆိပ်က မထွက်ခွာခင် ပြောသွားတာတွေ့ရပါတယ်။ လတ်တလောမှာတော့ ချီချီတစ်ယောက် New York Fashion Week ကိုတက်ရောက်ဖို့ ဖိတ်ကြားထားခြင်းခံရပြီး ပြင်ဆင်စရာရှိတာတွေ ပြင်ဆင်နေတယ်လို့ သိရပါတယ်။

သူတို့အချစ်ရေးနဲ့ ပတ်သတ်လို့ စိတ်ဝင်စားခံနေရချိန်မှာ Instagram ပေါ်မှာ နေခြည်ဦးတင်ထားတဲ့ ဓာတ်ပုံအောက်က စာသားလေးကတော့ ပရိသတ်တွေကို ပိုပြီး စိတ်ဝင်စားစေခဲ့ပါတယ်။

And once he said "you're nothing without me" ????????

#thebestjokeever #truestory

ဆိုတဲ့ စာသားလေးကို တင်ထားပြီး သူမရဲ့ fan တွေကတော့ ချီချီ့ကို အမြဲချစ်နေမှာဆိုပြီး ပြောထားကြပါတယ်။ 

သူမအနေနဲ့ ဒီတိုင်းလေးသာ ရေးထားတာဖြစ်ပေမယ့် သူမတို့အချစ်ရေးကို စောင့်ကြည့်နေသူတွေကတော့ ထင်သလိုများဖြစ်နေမလားဆိုတဲ့ မေးခွန်းတွေထွက်ပေါ်နေပါတယ်။ သို့ပေမယ့်လည်း ချီချီကိုယ်တိုင် မပြောသေးခင်မှာတော့ ဘာကိုမှ ကောက်ချက်ချ ယူဆလို့ မရသေးပါဘူး ပရိသတ်ကြီးရေ.......

Source: Beautybynaychi Instagram

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။