အိပ်ရာမှ စောစောထခြင်းက ကောင်းသော မင်္ဂလာတစ်ပါးဖြစ်ပါတယ်။ ထို့ကြောင့် ညဘက် မိုးချုပ်အောင် နေခြင်းထက် မနက်စောစော အိပ်ရာထခြင်းက သင့်အား မှတ်ဉာဏ်အား ပိုကောင်းစေပြီး အသက်ပိုရှည်စေနိုင်ပါတယ်။

မျက်နှာမသစ်မီ ပထမဦးဆုံးအနေနဲ့ ခံတွင်းအတွင်း ရေငုံပါ။ ခြေဖမိုးမှ ဒူးခေါင်းအထိ ဖြည်းညှင်းစွာ ရေလောင်းပါ။ ပြီးမှ မျက်နှာကို စင်ကြယ်အောင်သစ်ပြီး သွားတိုက်ပေးသင့်ပါတယ်။ ထိုသို့ ပြုလုပ်ခြင်းက တစ်ညလုံး ပြန့်နှံ့တက်ကြွနေသော အခိုးများကို အောက်သို့ဆင်းစေပါလိမ့်မယ်။

မျက်စိမှုန်ခြင်း၊ သွားကျိုးခြင်း၊ နားယားခြင်း၊ မျက်ကြောကိုက်ခြင်း၊ ဇက်ကြောတက်ခြင်း၊ ဆံပင်ဖြူခြင်း၊ ဆံပင်ကျွတ်ခြင်းတို့ကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။ နံနက်စောစောအိပ်ရာထစဉ် ခြေထောက်ကို ဒူးခေါင်းအထိ ရေလောင်းပေးခြင်းက ဦးခေါင်းပိုင်းဆိုင်ရာ ရောဂါများအတွက် ကာကွယ်ရန် လွန်စွာအကျိုးသက်ရောက်စေပါတယ်။

မျက်စိရောဂါ၊ နှာခေါင်းပိတ်ရောဂါ၊ သွားရောဂါ၊ လည်ချောင်း ခြောက်ကွဲတတ်သောရောဂါ၊ ခေါင်းကိုက်ရောဂါ၊ ဇက်ကြောတက်ရောဂါရှိသူတို့အနေဖြင့်လည်း ခြေထောက်တွင် အခိုးထုတ်ပေးခြင်းဖြင့် အောက်ကို အပူခိုးများ ရောက်စေပြီး ထိုရောဂါများကိုလည်း သက်သာစေနိုင်ပါတယ်။

ဥပမာ ငရုတ်သီးထောင်းရာ၌ မျက်စိထဲသို့ မတော်တဆ ငရုတ်သီးအဖတ် ၀င်သွားခဲ့သော် ခြေမ-ခြေဖမိုးသို့ ရေအေးလောင်းပေးခြင်းဖြင့် ချက်ချင်းလက်ငင်း သက်သာ ပျောက်ကင်းစေနိုင်ပါတယ်။ ထို့ပြင် တက်ဖျား၊ ကျဖျား၊ အဖျားအို စွဲကပ်နေသူများအနေဖြင့်လည်း အဖျားမတက်မီ ငရုတ်ကောင်းကို ထုထောင်းပြီး ခြေမတွင် စည်းပေးပြီးနောက် ရေလောင်းပေးခြင်းဖြင့် အဖျားတက်မှုကို ရပ်တန့်စေတယ်လို့ သိရပါတယ်။

ထို့ကြောင့် မအိပ်စက်မီ ခြေမ၊ ခြေဖမိုး၊ ဒူးအောက်ပိုင်းများကို ရေလောင်းပေးပြီး အသားနွေးလာသည်အထိ ရေကိုစင်အောင် သုတ်ပေးခြင်းဖြင့် အထက်ဖော်ပြပါ ဦးခေါင်းပိုင်းဆိုင်ရာ ရောဂါများကို မဖြစ်ပွားနိုင်ကြောင်း သိရှိရပါတယ်။

Source: Daily Life Style

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။