အာဖရိကနိုင်ငံများရဲ့ နေစဉ်ဖြတ်သန်းမှုပုံရိပ်တွေက တကယ်အံသြလောက်စရာပါ။နေ့တဓူဝ ဖြတ်သန်းနေရတဲ့ ကိစ္စတွေဟာ တခြားနိုင်ငံတွေအတွက်တော့ အံသြလောက်စရာပါပဲ။အာဖရိကနိုင်ငံအချိုဟာ ဖွံ့ဖြိုးမှုအားနည်းလျှက်ရှိပြီး နိုင်ငံရဲ့ဆင်းရဲမှုကြောင့် အသွားအလာ၊အနေအထိုင်၊အစားအသောက် ကို အဆင်ပြေသလို ဘဝကိုရုန်းကန်ဖြတ်သန်းလေ့ရှိကြပါတယ်။ထိုကဲ့သို့ဖြတ်သန်းမှုဟာ သနားစရာကောင်းသလို့ တဖက်မှာလည်း အံသြလောက်စရာ ဖြစ်ရတဲ့ ဓာတ်ပုံတွေလို့ပဲဆိုရမှာပါ။

ပထမဓာတ်ပုံတစ်ပုံဆိုလျှင် ကားကြီးတစ်စီးပေါ်မှာ ကုန်ပစ္စည်းတွေအပြည့်တင်ပြီး အပေါ်မှာလူတွေတတ်ထိုင်နေကြပါတယ်။ကားကတော့ ဘယ်လောက်တန်ချိန်ခံနိုင်လဲတော့ မသိဘူး ကုန်ပစ္စည်းတွေနဲ့လူတွေကတော့ ကားပါမြုပ်သွားအောင်များပြားပါတယ်။

နောက်တစ်ပုံကတော့ မိချောင်းကိုဆိုင်ကယ်ပေါ်တင်ပြီးအပေါ်ကခွစီးလာတာဟာ မြင်တဲ့လူအံသြရလောက်အောင်ပါပဲ။အန္တရယ်လဲ အရမ်းများပါတယ်။အခန့်မသင့်လို မိချောင်းကရုန်းလိုက်ရင်ဆိုင်ကယ်ပါမှောက်မှာပါ။

တခြားဓာတ်ပုံတွေကလည်း မြင်တဲ့သူရယ်ချင်စရာတွေ ကြံကြံဖန်ဖန်လုပ်ထားတာလဲတွေ့ရမှာပါ။အာဖရိကနိုင်ငံများဟာ ရောဂါဘယထူပြောလျှက်ရှိပြီး အစားအစာနဲ့ရေလဲအလွန်ရှားပါတဲနိုင်ငံတွေပါ။အလွန်ပူပြင်းလျှက်ရှိတဲ့ ရာသီဥတုပြင်းထန်တဲ့နို်င်ငံတွေပါပဲ။နှစ်စဉ်နိုင်ငံ ကမ္ဘာ့စားနပ်ရိပ်ခါဖူလုံရေးအဖွဲ့အစည်းတွေနဲ့ အန်ဂျီအို အဖွဲ့အစည်းတွေက ထောက်ပံလေ့ရှိပါတယ်။

သတင်းအရင်းအမြစ် - သုတဇုန်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။