မနေ့ကယှဉ်ပြိုင်ကစားသွားခဲ့တဲ့ မော်တာအသင်းနဲ့ အင်္ဂလန်အသင်းပွဲစဉ်မှာ အင်္ဂလန်အသင်းက မော်တာအသင်းကို အဝေးကွင်းမှာ ၄ဂိုး ဝဂိုးနဲ့ ဂိုးပြတ်အနိုင်ရရှိခဲ့ပါတယ်။အင်္ဂလန်အသင်းဟာ ရမှတိ ၁၇ မှတ်နဲ့အဆင့် ၁ နေရာမှာ ရပ်တည်နေပြီး အဆင့် ၂ နေရာက စလိုဗက်ကီးယားအသင်းနဲ့ ၂ မှတ်အကွာမှာရှိနေခဲ့တာလည်းဖြစ်ပါတယ်။မော်တာအသင်းဟာ အုပ်စုအတွင်းမှာ ခုထိနိုင်ပွဲရရှိထားခြင်းမရှိတာကြောင့် ရမှတ် ၀ နဲ့ အောက်ဆုံးအဆင့်မှာရပ်တည်နေတာလည်းဖြစ်ပါတယ်

အင်္ဂလန်အသင်းဟာ လူငယ်ကစားသမားအများအပြားနဲ့ပွဲထွက်လာခဲ့တာလည်းဖြစ်ပါတယ်။အင်္ဂလန်အသင်းရဲ့ပွဲထွက်လူစာရင်းမှာတော့ ဟာရီကိန်းကို တိုက်စစ်မှာအထောင်ကစားစေခဲ့ပြီး စတာလင်း၊အလီ ၊ ချန်ဘာလိန် တို့နဲ့ ပွဲထွက်ခဲ့တာလည်းဖြစ်ပါတယ်။အင်္ဂလန်အသင်းဟာ ဘောလုံးပိုင်ဆိုင်မှုအသာနဲ့ ပွဲချိန်ပြည့်တစ်ဖတ်သတ်ဖိအားပေးကစားခဲ့ပြီး ဂိုးပေါက်ကန်သွင်းယူမှုမှာလည်း မော်တာအသင်းထက် ပိုမိုကန်သွင်းယူနိုင်ခဲ့တာကိုလည်းတွေ့ရပါတယ်။

အင်္ဂလန်အသင်းဟာ ပထမပိုင်းမှာဂိုးမရှိသရေရလဒ်နဲ့ပြီးဆုံးခဲ့တာကြောင့် ရက်ဖို့စ် ၊ဗာဒီ ၊ဝဲလ်ဘတ် တို့ကို ထည့်သွင်းအသုံးပြုခဲ့ပြီး တိုက်စစ်ကို မြှင့်တင်လာခဲ့ပါတယ်။အင်္ဂလန်အသင်းအတွက် အဖွင့်ဂိုးကိုတော့ ဒုတိယပိုင်း ၅၃ မိနစ်အရောက်မှာ ဟာရီကိန်းက သွင်းယူပေးခဲ့တာလည်းဖြစ်ပါတယ်။ဒုတိယဂိုးကိုတော့ ဘာထရန်က ၈၆ မိနစ်မှာသွင်းယူခဲ့ပြီး အချိန်ပို ၅ မိနစ်မှာတော့ လူစားဝင်ကစားသမား ဝဲလ်ဘတ် နဲ့ ဟာရီကိန်းက တစ်ဂိုးစီသွင်းယူပေးခဲ့တာလည်းဖြစ်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။