ပရိသတ်ကြီးရေ အက်မင်ကလည်း အစားတစ်လိုင်းဆိုတော့ ကိုယ့်လိုပဲ အစားချစ်သူတွေအတွက် ဒီတပတ်မှာ ဘာစားရင်ကောင်းမလဲစဉ်းစားပေးမယ်နော်။

ရှေ့မှာလည်း မန်ကျည်းသီးထောင်းတွေ ရှမ်းထမင်းချဉ်တွေ တင်ထားပေးပြီးသားဆိုတာရော သိကြတယ်ဟုတ်။

ဒီနေ့တော့ အိမ်မှာ ပုစွန်ထမင်းကြော်လေး ကြော်စားဖို့ ဓာတ်ကျနေလေရဲ့။

ပရိသတ်တွေလည်း ကြိုက်နှစ်သက်မယ်လို့မျှော်လင့်ပါတယ်။ ဒီနေ့မဟုတ်တောင် မနက်ဖြန် ဖြစ်ဖြစ် အိမ်ရှင်မတွေအတွက် ပုစွန်ထမင်းကြော်နည်းလေးကို ပြန်လည်မျှဝေလိုက်ပါတယ်နော်။

ရိုးရှင်းတဲ့ထမင်းကြော်နည်းလေးပါ။

ထမင်းဖြူ.................. ၁ပွဲစာ

ကြက်ဥ....................၁လုံး

ပုစွန်ခွာ....................၃ကောင်

ကြက်သွန်ဖြူ...............၁တက်

ကြက်သွန်မြိတ်............၃ပင်

သခွားသီးပါးပါးလှီး.......၃ချပ်

ထမင်းဖြူ ကိုအအေးခံပြီးကြက်သားမှုန့်၊ပဲငံပြာရည်အကြည်၊သီးရွက်စုံမက်ဂီငံပြာရည်၊ခရုဆီတို့ဖြင့်နယ်ထားပါ။

ပုစွန်လေးတွေကိုအခွံခွာပြီးသန့်စင်ကာအရသာနယ်ထားပါ။

ဒယ်အိုးတစ်လုံးမှာဆီအနည်းငယ်ကိုအပူပေးပြီးကြက်သွန်ဖြူ ကိုဆီသတ်ပါ။

ကြက်ဥတစ်လုံးကိုဖောက်ထည့်ပြီးမွှေပေးပါ။

ကြက်ဥတွေမကြွပ်ခင်ခပ်ပျော့ပျော့အနေအထားမှာပုစွန်တွေထည့်ကြော်ပါ။

ပုစွန်ကျက်ပြီဆိုတာနဲ့ထမင်းတွေထည့်ကြော်ပါ။

ငရုတ်ကောင်းမှုန့်လေးဖြူ းပြီးပါးပါးလှီးထားတဲ့

ကြက်သွန်မြိတ်လေးတွေဖြူ းပေးပါ။

ပန်းကန်ပြားထဲသို့မိမိစိတ်ကြိုက်ထည့်ပြီးပါးပါးလှီးထားတဲ့သခွားသီး(၃)ချပ်၊သံပုရာသီးတစ်စိတ်၊ကြက်သွန်မြိတ်လေးများဖြင့်အလှဆင်တွဲဖက်ပါ။

Source - Win naing thein 25

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။