မြန်မာအသင်းကစားသမားနန္ဒကျော်မွေးနေ့


ဒီနေ့ဟာမြန်မာပရိသတ်တွေရဲ့အချစ်တော်

ကစားသမားနန္ဒကျော်ရဲ့မွေးနေ့လေးဖြစ်ပါတယ်။

နန္ဒကျော်ဟာကမ္ဘာ့ဖလားပြိုင်ပွဲဝင်မြန်မာယူ-20

နဲ့အတူကျော်ကြားလာခဲ့တဲ့ကစားသမား

တစ်ဦးဖြစ်ပါတယ်။အခုအခါမှာတော့မြန်မာပရိသတ်

တွေရဲ့အချစ်တော်ကစားသမားတစ်ဦးဖြစ်နေပါပြီ။



နန္ဒကျော်တို့ပါဝင်တဲ့မြန်မာဆီးဂိမ်းအသင်းဟာ

အောင်မြင်မှုမရခဲ့ပေမယ့်အကောင်းဆုံးကြိုးစားခဲ့ကြတာကြောင့်ပရိသတ်တွေအနေနဲ့အပြစ်မမြင်ဘဲဆက်လက်ချစ်ခင်ကြနေဆဲပါ။ဆီးဂိမ်းကပြန်ရောက်လာတဲ့နန္ဒကျော်ဟာ

ဘစ်ရှက်ကိုသွားတဲ့မြန်မာ့လက်ရွေးစင်အသင်းနဲ့ပါမသွား

တာကြောင့်လောလောဆယ်အနားရနေပါတယ်။


သူရဲ့ဒီနေ့မွေးနေ့ကိုတော့နန္ဒကျော်တစ်ယောက်

သူ့ရဲ့ချစ်ရသူကောင်မလေးနဲ့ပျော်ရွှင်ဖွယ်ဖြတ်သန်း

သွားမှာပါ။နန္ဒကျော်တစ်ယောက်

ဒိထက်တောက်ပတဲ့ခြေစွမ်းတွေနဲ့ဆက်လက်တောက်ပ

နိုင်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။

ချစ်ရတဲ့ချစ်သူကိုလည်းဒီထက်ပိုချစ်နိုင်ပါစေ။

Happy Birthdayပါနောက်တန်းခံစစ်မှူးကြီး။

Source -Nanda kyaw

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။