တောင်တွေကာရံထားတဲ့ဘစ်ရှက်မြို့ကမြန်မာ့လက်ရွေးစင်အသင်း


ကာဂျစ္စတန်ဆိုတာအာရှအလယ်ပိုင်းကုန်းတွင်းပိတ်

နိုင်ငံလေးတစ်ခုပါ။အရင်ကနာမည်ကျော်ပိုးလမ်းမကြီး

ဖြတ်သန်းရာလမ်းမှာတည်ရှိတာကြောင့်

သမိုင်းအမွေအနှစ်တွေများစွာဂုဏ်ယူစရာ

ယဉ်ကျေးမှုတွေနဲ့နိုင်ငံလေးတစ်ခုပေါ့။

ဆိုဗီယက်နိုင်ငံကြီးရဲ့ပြည်နယ်တစ်ခု

ုဖြစ်ခဲ့တဲ့ကာဂျစ္စတန်ဟာ1991မှလွတ်လပ်ရေးရခဲ့တာပါ။

မြို့တော်ကတော့ဘစ်ရှက်ဖြစ်ပါတယ်။

ရှရှားဓလေ့ရှရှားဟန်တွေဖုံးလွှမ်းနေတဲ့ကာဂျစ္စတန်နိုင်ငံ

သားတွေဟာရှရှားစကားကိုပဲပြောဆိုကြပါတယ်။

ဒါကြောင့်မြန်မာနဲ့ယှဉ်ပြိုင်ကစားမယ့်

ကာဂျစ္စတန်ဘောလုံးအသင်းမှာရှရှားဆန်ဆန်

နာမည်တွေတော်တော်များများပါဝင်နေတာပဲ

ဖြစ်ပါတယ်။လာမယ့်စက်တင်ဘာ5ရက်နေ့မှာ

ကာဂျစ္စတန်အမျိုးသားလက်ရွေးစင်အသင်းနဲ့

မြန်မာအမျိုးသားလက်ရွေးစင်အသင်းတို့ဟာ

တောင်တွေကာရံထားတဲ့ဘစ်ရှက်ရဲ့ဒိုလန် အူမာဇာကောဗ့်ကွင်းတွင် အာရှဖလား ခြေစစ်ပွဲစဉ်ကို

ယှဉ်ပြိုင်ကစားသွားကြမှာပါ။

မြန်မာ့လက်ရွေးစင်အသင်းဟာလမ်းပန်း

ဆက်သွယ်ရေးအတန်ငယ်ခက်ခဲတဲ့

ဘစ်ရှက်ကိုစောစောရောက်နေခဲ့ပါတယ်။

လေ့ကျင့်ရေးတွေကိုမနက်တစ်ကြိမ်

ညနေတစ်ကြိမ်ပြုလုပ်နေကြပါတယ်။

အခုဆိုရင်မြန်မာ့လက်ရွေးစင်အသင်း

အနေနဲ့ဘစ်ရှက်ရဲ့ရာသီဥတုနဲ့အသားကျနေလောက်ပါပြီ။

စက်တင်ဘာလ5ရက်မြန်မာစံတော်ချိန်ည(၈း၃၀)နာရီ ဘစ်ရှက်ခ်မြို့ ဒိုလန် အူမာဇာကောဗ့်ကွင်းအတွင်း

မြန်မာအသင်းအောင်ပွဲဆင်နိုင်ပါစေလို့ဆုတောင်းရင်း..

Gu

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။