မနေ့ကယှဉ်ပြိုင်ကစားခဲ့တဲ့ ချက်အသင်းနဲ့ဂျာမနီအသင်းတို့ရဲ့ပွဲစဉ်မှာ အိမ်ရှင်ချက်အသင်းကို ဂျာမနီအသင်းက ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။ဂျာမနီအသင်းဟာ ရှုံးပွဲမရှိပဲ ရာနူန်းပြည့်နိုင်ပွဲရရှိထားပြီး ရမှတ် ၂၁ မှတ်နဲ့ အုပ်စုအဆင့် ၁ နေရာမှာ ရပ်တည်နေတာလည်းဖြစ်ပါတယ်။ချက်အသင်းကတော့ ရံှူးပွဲကြောင့် အဆင့် ၂ နေရာက မြောက်အိုင်ယာလန်အသင်းနဲ့ ၇ မှတ်ကွာဟနေပြီး ရမှတ် ၉ မှတ်နဲ့ အဆင့် ၃ နေရာမှာရပ်တည်နေတာလည်းဖြစ်ပါတယ်။

ဂျာမနီအသင်းဟာပွဲထွက်လူစာရင်းမှာ တီမိုဝါနာ ၊သောမက်မူလာ တို့ကိုတိုက်စစ်မှာ ထားကစားခဲ့ပြီး အလယ်တန်းမှာ အိုဇေလ်း၊ တိုနီကရူး ၊စတင်ဒယ် တို့နဲ့ ပွဲထွက်လာခဲ့တာလည်းဖြစ်ပါတယ်။ချက်အသင်းတော့ ကာမန်ဆစ် ၊ဂျက်တို တို့နဲ့ ပွဲထွက်ခဲ့ပြီး ဂျာမနီအသင်းကို ရင်ဆိုင်ကစားခဲ့တာလည်းဖြစ်ပါတယ်။ဂျာမနီအသင်းဟာ ပွဲချိန်ပြည့် ချက်အသင်းကိုဘောလုံးပိုင်ဆိုင်မှုအသာနဲ့ ဖိအားပေးကစားနိုင်ခဲ့တာလည်းဖြစ်ပါတယ်

ဂျာမနီအသင်းရဲ့ အဖွင့်ဂိုးကိုတော့ ပွဲစလို့၄ မိနစ် မှာပဲ အိုဇေလ်း ဖန်တီးပေးလိုက်တဲ့ဘောလုံးကို တီမိုဝါနာက သွင်းယူပေးခဲ့တာလည်းဖြစ်ပါတယ်။ပထမပိုင်းအပြီးမှာ ဂျာမနီအသင်းက ၁ ဂိုးနဲ့ ဦးဆောင်ခဲ့ပါတယ်။ဒုတိယပိုင်းပြန်စလို့ မိနစ် ၇၈ မိနစ်မှာပဲ အိမ်ရှင် အသင်းအတွက် ချေပဂိုးကို ဒါရီဒါ က သွင်းယူပေးခဲ့တာလည်းဖြစ်ပါတယ်။မိနစ် ၉၀ ပြည့်ဖို့ ၂ မိနစ်အလိုမှာပဲ ဂျာမနီအသင်းအတွက်အနိုင်ဂိုးကို တိုနီကရူးကန်တင်ပေးလိုက်တဲ့ဘောလုံးကို ဟမ်းမက် က အနိုင်ဂိုးအဖြစ် သွင်းယူပေးခဲ့တာလည်းဖြစ်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။