ဒီအဖြစ်အပျက်လေးကတော့ ဆန်းကြယ်ပါတယ်။ကံကောင်းတဲ့ လူလို့ပြောရမလို ပါပဲ။ယခုလိုဘောစိဖြစ်သွားသူကတော့ သြစတြေးလျှကLuke Mooreဆိုတဲ့ ကျောင်းသားလေးတစ်ယောက်ပါ။ယခုလို အကောင့်ထဲဒေါ်လာ ၂သန်းခွဲကျော်မှား ဝင်မှုကြောင့် အကြွေးတင်နေတဲ့ ဘဝလေးကနေချက်ချင်း ဇိမ်ခံကားအကောင်းစား၊ဇိမ်ခံရွက်လှေ စတာတွေဝယ်ပြီး လူချမ်းသာဘဝကို ချက်ချင်းရောက်သွားခဲ့တာဖြစ်ပါတယ်။

အရမ်းကိုဖြစ်ခဲတဲ့ အဖြစ်အပျက်ပါပဲ။ဘဏ် errorတက်ပြီးသူ့အကောင့်ထဲကို ဒေါ်လာ၂သန်းခွဲကျော်မှားဝင်လာတာဖြစ်ပါတယ်။ဘဏ်တော်တော်များများတွင် errorတက်လျှင်ချက်ချင်းအကြောင်းကြားစုံစမ်းမှုများရှိသော်လည်း ယခုကိစ္စဖြစ်ပေါ်ခြင်းကိုတော့ဘဏ်ကလည်းသတိမထားမိပါဘူးလို့သိရပါတယ်။ အရမ်းလည်တယ် Luke Mooreကလည်း ချက်ချင်းပဲ ဝင်လာတဲ့ငွေတွေကို အခြားအကောင့်တွေဆီကိုပြောင်းပစ်လိုက်ပါတယ်။

ယခုလိုဘော့ဖြစ်သွားတဲ့Luke Mooreဟာ ဒေါ်လာ၅သောင်းကျော် Aston Martinကား၊ဒေါ်လာ၁၆၉၀၀၀တန် Maserati ကား၊ဒေါ်လာ၂သောင်းကျော်တန် ရွတ်လှေတို့ကို ချက်ချင်းဝယ်ယူခဲ့ပါတယ်။နောက်ပြီး ကမ္ဘာကျော်တွေရဲ့ အမှတ်တရ ပစ္စည်းတွေကိုတောင်ဈေးကြီးပေးပြီးဝယ်ယူခဲ့ပါသေးတယ်။အသက်၂၉နှစ်အရွယ်ရှိပြီဖြစ်တဲ့Luke Mooreကတော့မိန်းမလှလေးတွေ၊ဆေးခြောက်တွေ၊အကောင်းဆုံးကားတွေရခဲ့တဲ့ဘဝကိုမမေ့ဘူးလို့လည်းပြောပါသေးတယ်။

သတင်းအရင်းအမြစ်-သုတဇုန်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။