မီးလောင်မှုကြီးကတော့ လော့စ်အိန်ဂျယ်လိစ်မြို့မှာ စက်တင်ဘာ ၃ ရက်နေ့ကဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ဒီမီးလောင်ကျွမ်းမှုကတော့ကယ်လီဖိုးနီးယားပြည်နယ် လော့စ်အိန်ဂျယ်လိစ်မြို့၌ သမိုင်းတစ်လျှောက် အကြီးမားဆုံးမီးလောင်ကျွမ်းမှုတစ်ခုဖြစ်တယ်လို့လဲသိရပါတယ်။စနေနေ့က အရှိန်အဟုန်ပြင်းပြင်းနှင့် တောက်လောင်ခဲ့သောကြောင့် လော့စ်အိန်ဂျယ်လိစ်မြို့သူမြို့သားများရာပေါင်းများစွာ သူတို့နေအိမ်များကိုစွန့်ခွာ၍ ထွက်ပြေးခဲ့ကြတယ်လို့လဲသိရပါတယ်။

အဆိုပါမီးလောင်ကျွမ်းမှုသည် သောကြာနေ့ အနှောင်းပိုင်းကစတင်လောင်ကျွမ်းခဲ့တယ့်မီးဖြစ်တယ်လို့လဲ မြို့တော်ဝန်ဖြစ်သူ အဲရစ်ဂါစက်တီကပြောပါတယ်။သောကြာနေ့ကစတင်ကာလောင်ကျွမ်းခဲ့သောမီးသည် လော့စ်အိန်ဂျယ်လိစ်ခရိုင်ထဲရှိ ဘာဘန့်ခ်မြို့မှ ဆင်ခြေဖုံးအရပ်ကို ဝန်းရံထားသော တောင်ကုန်းများ တစ်လျှောက်ကူးစက်သွားကာ တစ်ညလုံးလောင်ကျွမ်းနေခဲ့ပြီး ဧက ၅၀၀၀ ခန့်ကို ဝါးမြိုခဲ့ပြီးပြီဖြစ်ကြောင်းသိရပါတယ်။ဆက်လက်မီးလောင်ကျွမ်းမှုကို မြို့တော်ဝန်က “ဧကပေါင်းမြောက်များစွာကို ဝါးမြိုခဲ့တဲ့ဒီမီးဟာ လော့စ်အိန်ဂျယ်လိစ်မြို့ရဲ့သမိုင်းမှာ အကြီးမား ဆုံး လောင်ကျွမ်းခဲ့တဲ့ မီးတစ်ခုပဲဖြစ်ပါတယ်” ဟု ဖြည့်စွက်ပြောကြားခဲ့ပါတယ်။

ှဧကပေါင်းမြောက်များစွာကို ဝါးမြိုခဲ့တဲ့ဒီမီးကြောင့် မြို့တွင်းရှိနေအိမ်ပေါင်း ၅၀၀ခန့်မှ နေထိုင်သူများသည် နေအိမ်ကိုစွန့်ခွာထွက်ပြေးခဲ့ကြပြီးလက်ရှိအချိန်တွင် နေအိမ် ၃ လုံးခန့် မီးစတင်လောင်ကျွမ်းလျက်ရှိပြီဟုသိရပါတယ်။ထိုမီးကို မီးသတ်သမား ၅၀၀ ကျော်ဖြင့် ငြိမ်းသတ်နိုင်ရန်ကြိုးပမ်းနေသလို ဟာရီကိန်းမုန်တိုင်းဟာဗေး တိုက်ခတ်ခံခဲ့ရသည့် တက္ကဆက်ပြည်နယ် ဟူစတန်မြို့၌ ရောက်ရှိနေကြသော မီးသတ်သမား ၁၀၀ ကျော်ကို ပြန်လည်ခေါ်ဆောင်ပြီး မီးကိုထိန်းချုပ်နိုင်ရန် ကြိုးပမ်းနေကြပါတယ်။

သတင်းအရင်းအမြစ်-AFP

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။