အိန္ဒိယနိုင်ငံအရှေ့ပိုင်း Odisha သြဒိသ ပြည်နယ်မှာ စနေနေ့က မိုးအပြင်းအထန် ရွာခဲ့တာလည်းဖြစ်ပါတယ်။မိုးအပြင်းအထန်ရွာသွန်းခဲ့မှုကြောင့် ပြည်နယ်အတွင်း လုပ်ငန်းတွေ အားလုံး ရပ်ဆိုင်းသွားခဲ့ရပါတယ်။ဒါ့အပြင် Bhubaneswar ရှေ့ဟောင်းမြို့မှာ ကားလမ်းတွေနဲ့ ရထားလမ်းတွေ ပေါ်မှာ ရေတွေတတ်နေပြီး အိမ်ခြေရာပေါင်းများစွာ ရေမြုပ် ပျက်စီးခဲ့ပါ တယ်။ ပြည်နယ်အရှေ့ပိုင်းက Shimla မြို့မှာ မြေပြိုမှုကြီးတခုဖြစ်ခဲ့ပါတယ်။ထိုမြေပြိုမှုနဲ့အတူ ကားတွေပါ အများအပြားရောပါခဲ့ပါတယ်။ဒါ့အပြင်  ဘုရားကျောင်းတခုအပါအဝင် အဆောက်အဦးတွေ ပျက်စီးကုန်ပါတယ်။

ထိခိုက် ဒဏ်ရာရရှိခဲ့ခြင်းတော့မရှိဘဲ အဲဒီဒေသက လူတွေကို ဘေးလွတ်ရာ ရွှေ့ပြောင်း ကယ်ထုတ်ပေးခဲ့တယ်လို့ ရဲအရာရှိတဦးက ပြောပါတယ်။ဒီအတောအတွင်းမှာပဲ တောင်အာရှဒေသမှာ ဆိုးရွားတဲ့ ရေကြီးမှုဒဏ်ကြောင့် ကလေးငယ် ၁၆ သန်းနီးပါးဟာ အသက်ကယ် အကူအညီတွေ အရေးပေါ်လိုအပ်နေ တယ်လို့ ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ UNICEF က ပြောပါတယ်။ဘင်္ဂလားဒေ့ရှ်မှာ ကလေးငယ် ၃ သန်းလောက်အပါအဝင် လူဦးရေ ၈ သန်းကျော် ရေဘေးဒဏ်သင့်နေတယ်လို့ UNICEF က ပြောပါတယ်

နီပေါလ်မှာတော့ အိုးအိမ်စွန့်ထွက်ပြေးရသူ ၃ သိန်းခွဲကျော်အပါအဝင် လူဦးရေ ၁.၇ သန်းလောက် ရေဘေးဒဏ်သင့်နေပါတယ်။ ကျောင်းပေါင်း ၂ ထောင်နီးပါး ပျက်စီး ဒါမှမဟုတ် ပြိုကျသွားပြီး ကလေးငယ် ၂ သိန်းခွဲကျော်ရဲ့ ပညာရေး ထိခိုက်နေရပါတယ်။အိန္ဒိယမှာတော့ ပြည်နယ်လေးခုမှာ ရေဘေးဒဏ်ခံနေရပြီး ကလေးငယ် ၁၂.၅ သန်းနီးပါးအပါအဝင် လူဦးရေ ၃၁ သန်းကျော် ရေဘေးဒဏ်ခံစားနေရပါတယ်။

Source - VOA 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။