အာဆီယံယူ-18ပြိုင်ပွဲလာပြီ


မြန်မာယူ-18အသင်းပါဝင်ယှဉ်ပြိုင်မယ့်

အာဆီယံယူ-18ပြိုင်ပွဲကြီးပရိသတ်တွေရဲ့ရှေ့တော်

မှောက်ကိုရောက်လာခဲ့ပြန်ပါပြီ။မနက်ဖြန်မှာ

စတာ့မယ့်ပြိုင်ပွဲအတွက်ဒီနေ့မနက်ဆယ်နာရီမှာ

ပွဲကြိုသတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ပါတယ်။

ပါဝင်ယှဉ်ပြိုင်ကြမယ့်အသင်းနည်းပြတွေ

ကတော့သူတို့အသင်းတွေကို

ကိုယ်စီကိုယ်စီယုံကြည်မှုတွေရှိနေကြပြီဖြစ်ပါတယ်။

ုမြန်မာအသင်းနည်းပြဘန်လာဘီကသူ့အသင်း

ရဲ့အဓိကရည်မှန်းချက်ကဗိုလ်စွဲရန်သာဖြစ်တယ်လို့ပြော

ကြားခဲ့ပါတယ်။ဗီယက်နမ်နည်းပြတူရန်ဟောင်အန်းကတော့

သူ့အသင်းရဲ့ရည်မှန်းချက်ကအနိမ့်ဆုံးဖိုင်နယ်လို့ဆိုပါတယ်။

အင်ဒိုအသင်းကတော့ဒီပြိုင်ပွဲကိုအင်ဒိုနီးရှားရဲ့အကောင်းဆုံး

လူငယ်23ယောက်ကိုခေါ်လာခဲ့တယ်လို့ပြောပါတယ်။

ဒါကတော့အုပ်စု(က)ရဲ့အဓိကပြိုင်ဘက်သုံးသင်း

ကနည်းပြတွေရဲ့ပြောစကားပါ။မြန်မာပါဝင်တဲ့အုပ်စုမှာ

ဗီယက်နမ်၊အင်ဒိုနီးရှား၊ဖိလစ်ပိုင်၊ဘရူနိုင်းတို့ပါဝင်

ပါတယ်။



တစ်ဖက်အုပ်စုမှာတော့ထိုင်း၊တီမော၊

မလေး၊လာအို၊စင်ကာပူ၊ကမ္ဘောဒီးယားတို့ပါဝင်

ကြပါတယ်။ထိုင်းအသင်းဟာကာတာနိုင်ငံမှာ

သွားရောက်နေထိုင်ပြီးလေ့ကျင့်ပြင်ဆင်လာသလို

မလေးရှားကလည်းနှစ်ရှည်လများပြင်ဆင်လာတဲ့

အသင်းပါ။တခြားအသင်းတွေဖြစ်တဲ့ကမ္ဘောဒီးယား၊

လာအို၊စင်ကာပူ၊တီမောတို့ဟာလည်းအကောင်းဆုံး

ပြင်ဆင်ထားကြတာမို့အာဆီယံယူ-18ပြိုင်ပွဲတွေရဲ့

ပွဲတွေကတော့အရမ်းကိုစိတ်ဝင်စားဖို့

ကောင်းနေပါပြီ။

Source-MFF

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။