မနက်ကယှဉ်ပြိုင်ကစားခဲ့ကြတဲ့ ဝေလ်းအသင်းနဲ့ သြစတြီးယားအသင်းတို့ပွဲစဉ်မှာ အိမ်ရှင် ဝေလ်းအသင်းက သြစတြီးယား အသင်းကို ၁ ဂိုး ၀ ဂိုး နဲ့ အနိုင်ရရှိခဲ့ပြီး ၃ မှတ်ရယူနိုင်ခဲ့တာလည်းဖြစ်ပါတယ်။အုပ်စုအဆင့်အောင်ဖို့အတွက် နှစ်သင်းလုံးကအမှတ်တွေလိုအပ်နေတာကြောင့်တစ်သင်းနဲ့တစ်သင်းဟာအမှားမခံပဲ ကစားခဲ့တာကြောင့် ပွဲကောင်းတစ်ပွဲဖြစ်ခဲ့ပါတယ်။ဝေလ်းအသင်းဟာ အဆင့် ၃ နေရာမှာရပ်တည်နေပြီး အဆင့် ၁ အသင်းနဲ့ လေးမှတ်အကွာမှာရှိနေတာလည်းဖြစ်ပါတယ်။သြစတြီးယားအသင်းကတော့ ရှုံးပွဲကြောင့် အဆင့် ၄ နေရာမှာရပ်တည်နေတာဖြစ်ပါတယ်

ဝေလ်းအသင်းဟာ အိမ်ကွင်းမှာသုံးမှတ်ရရှိဖို့ ပွဲထွက်လူစာရင်းမှာ လူစုံထုတ်ပြီးရင်ဆိုင်ကစားခဲ့တာလည်းဖြစ်ပါတယ်။ဂါရတ်ဘေး ၊ရမ်ဆေး အစရှိတဲ့ အဓိကကစားသမားတွေကို ထည့်သွင်းအသုံးပြုခဲ့တာလည်းဖြစ်ပါတယ်။သြစတြေးယားအသင်းကတော့ အဝေးကွင်းမှာ အမှတ်ရယူနိုင်ဖို့အတွက် ဟာနစ် ၊အလာဘာ ၊အမ်နူတိုဗစ် စတဲ့ကစားသမားတွေကို ပွဲထုတ်ခဲ့ပေမဲ့ အိမ်ရှင်ရဲ့ ရုန်းအားကြောင့် အနိုင်သုံးမှတ်ကို ပေးခဲ့ရတာလည်းဖြစ်ပါတယ်

သြစတြီးယား အသင်းဟာ အိမ်ရှင်ဝေလ်းအသင်းကို ရှိန်မနေပဲ ရင်ဆိုင်ကစားခဲ့တာကြောင့် နှစ်သင်းလုံးဟာ ဂိုးရရှိဖို့ရော ဂိုးမပေးရရေးကိုပါ သတိထားကန်ခဲ့ရတာလည်းဖြစ်ပါတယ်။ဝေလ်းအသင်းအတွက် အဖွင့်ဂိုးကိုတော့ လူစားဝင်ကစားသမား ဝုဒ်ဘမ်းက သွင်းယူပေးခဲ့တာလည်းဖြစ်ပါတယ်။၇၄ မိနစ်မှာ ဝုဒ်ဘမ်းရဲ့ လှလှပပ အဝေးကစ်ကန်သွင်းချက်နဲ့အတူ ဝေလ်းအသင်း အသက်ရှူချောင်ခဲ့ရတာလည်းဖြစ်ပါတယ်။ဒီပွဲရဲ့အကောင်းဆုံးကစားသမားဆုကိုလည်း ဝုဒ်ဘမ်း ကပဲရရှိသွားခဲ့ပဲဖြစ်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။