ပြိုင်ဆိုင်မှုပြင်းထန်မယ့်အင်ဒိုချိုင်းနားဒါဘီ


လာမယ့်အင်္ဂါနေ့မှာအင်ဒိုချိုင်းနားဒါဘီလို့

ညွှန်းဆိုရမယ့်ကမ္ဘောဒီးယားနဲ့ဗီယက်နမ်တို့

အာရှဖလားခြေစစ်ပွဲယှဉ်ပြိုင်ကြတော့မှာပါ။

လက်ရှိရပ်တည်မှုအရကမ္ဘောဒီးယားဟာ

ဗီယက်နမ်အပေါ်မှာတစ်မှတ်အသာနဲ့

ရပ်တည်နေပါတယ်။ခြေစစ်ပွဲအုပ်စုCမှာဂျော်ဒန်၊ကမ္ဘောဒီးယား၊ဗီယက်နမ်၊

အာဖဂန်နစ္စတန်တို့ပါဝင်နေကြပြီးဂျော်ဒန်ကအုပ်စုထိပ်ဆုံးမှာ

ရပ်တည်နေပါတယ်။


အုပ်စုထိပ်ဆုံးနှစ်သင်းကခြေစစ်ပွဲအောင်

မှာမို့ဗီယက်နမ်နဲ့ကမ္ဘောဒီးယားတို့အပြိုင်ကြိုးစား

ကြမှာဖြစ်ပါတယ်။ဗီယက်နမ်ဟာဒီပွဲအတွက်ဆီးဂိမ်း

အသင်းကငုယင်ကောင်ဖောင်၊လောင်ရှန်ထရောင်း

တို့ကိုပြန်လည်ခေါ်ဆိုခဲ့ပြီးဝါရင့်တိုက်စစ်မှူး

ငုယင်ဗန်ကူယက်ကဦးဆောင်လာခဲ့တာပါ။ကမ္ဘောဒီးယား

ကလည်းဂျေလိဂ်3မှာကစားနေတဲ့ချန်ဗန်သာနာကာကိုပြန်ခေထားပြီးနာမည်ကြီးကစားသမားတွေဖြစ်တဲ့နက်တူလာ၊လဗွန်ရေဗီစတဲ့ကစားသမားတွေပါဝင်လာပါတယ်။



ဗီယက်နမ်အသင်းဟာအာဆီယံအင်အားကြီး

ဆိုပေမယ့်ကမ္ဘောဒီးယားကိုဖနွမ်းပင်မှာအနိုင်ယူဖို့ဆိုတာ

တော့ခက်ခဲမှာပါ။ကမ္ဘောဒီးယားပရိသတ်တွေရဲ့ကြောက်ခမန်း

လိလိအားပေးမှုနဲ့အတူကမ္ဘောဒီးယားဟာအာဖဂန်နစ္စတန်

ကိုတောင်ဖနွမ်းပင်အိုလံပစ်ကွင်းကြီးထဲအနိုင်ကစားထားခဲ့တာပါ။ဗီယက်နမ်ကပ္ပတိန်ငုယင်ဗန်ကူယက်ကတော့ကမ္ဘောဒီးယားကိုအနိုင်ယူဖို့ကတော့50-50ပဲလို့ပြောသွားပါတယ်။

အင်ဒိုချိုင်းနားဒါဘီမှာဘယ်သူအောင်ပွဲဆင်သွားမလဲ

ဆိုတာတော့...

Gu

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။