မြောက်ကိုရီးယား ဟာ စက်တင်ဘာလ (၃) ရက် တနင်္ဂနွေနေ့က မြောက်ပိုင်း Hamgyong နယ်မြေ Punggye-ri မှာရှိတဲ့ အနုမြူဗုံး စမ်းသပ်ရာ နေရာနားမှာ မြေအောက်အနုမြူဗုံး တစ်လုံးကို စမ်းသပ်ဖောက်ခွဲခဲ့ပါတယ်။ ဒါဟာ မြောက်ကိုရီးယားနိုင်ငံရဲ့ (၆) ကြိမ်မြောက် အနုမြူဗုံးစမ်းသပ် ဖောက်ခွဲမှုလည်း ဖြစ်ပါတယ်။ တနင်္ဂနွေနေ့ နေ့လည်ပိုင်း မြောက်ကိုရီးယား စံတော်ချိန် (၃း ၃၀) မှာစမ်းသပ်ဖောက်ခွဲ ခဲ့တာဖြစ်ပြီး အင်အား အသင့်အတင့် ရှိတဲ့ ငလျင်လှိုင်းများလည််း ဖြစ်ပေါ်ခဲ့ပါတယ်။

အမေရိကန် ပြည်ထောင်စု ဘူမိဗေဒဌာန ကတော့ စမ်းသပ်ဖောက်ခွဲမှု ရဲ့ သက်ရောက်မှုအဖြစ် ပြင်းအား (၆.၃) အဆင့်ရှိတဲ့ မြေငလျင်လှုပ်ရှားမှု တစ်ခုကိုမှတ်တမ်းတင်နိုင်ခဲ့ပါတယ်။ ဒါဟာ လွန်ခဲ့တဲ့ စက်တင်ဘာလက (၅) ကြိမ်မြောက် စမ်းသပ်ဖောက်ခွဲမှု ထက်ပိုမိုပြင်းထန်တဲ့ ဖောက်ခွဲမှု လည်းဖြစ်ပါတယ်။

စမ်းသပ်ဖောက်ခွဲမှု အပြီး နာရီပိုင်းအကြာ မြောက်ကိုရီးယား ရုပ်သံလွှင့်ဌာန KCTV မှ ထုတ်လွှင့်သွားတဲ့ သတင်းတစ်ခု မှာတော့ ယခုစမ်းသပ် ဖောက်ခွဲ တာဟာ အဆင့် (၂) ဆင့် ရှိ အနုမြူဗုံး ဖြစ်ပြီး ဂျူလိုင်လ (၄) ရက် က စမ်းသပ် ပစ်လွှတ်ခဲ့တဲ့ မြောက်ကိုရီးယား ရဲ့ ဟွာဆောင် ၁၄ တိုက်ချင်းပစ် ဒုံးပျံ တွေမှာ အသုံးပြုဖို့ ရည်ရွယ်ကြောင်း ကြေညာသွားပါတယ်။ 

ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ကတော့ မြောက်ကိုရီးယား အပေါ်အရေးယူ ပိတ်ဆို့မှု အသစ်တွေ ကိုမကြာသေးမီ က ချမှတ်ထား သော်လည်း ယခုလို အနုမြူဗုံးထပ်မံစမ်းသပ်ဖောက်ခွဲခဲ့ခြင်းကြောင့် ဒီအရေးယူပိတ်ဆို့မှု တွေဟာ မြောက်ကိုရီးယားရဲ့ အနုမြူစီမံကိန်း ရည်မှန်းချက်တွေကို ရပ်တန့်စေရန် လုံလောက်မှု မရှိသေးဘူး လို့သဘောသက်ရောက် လျက်ရှိနေပါတယ်။

source: the diplomat

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။