တရုတ်နဲ့ အိန္ဒိယ တို့ ကြား ဟိမဝန္ဒာဒေသ Doklam တောင်ကြား အရပ်မှာ တင်းမှာမှုဟာ ပြီးဆုံးသွားခဲ့ပါပြီ။ သြဂုတ်လ ၂၈ ရက်နေ့မှာ အိန္ဒိယ ပြည်ပရေးရာဌာနက ထုတ်ပြန်တဲ့ တရားဝင်သတင်းထုတ်ပြန်ချက်မှာ တော့ ဒီပဋိပက္ခ နဲ့ပတ်သက်ပြီး နှစ်နို်င်ငံကြားဆက်သွယ်ရေးကို လမ်းဖွင့်ထားတယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။ အဆိုပါဆက်သွယ်ရေးလမ်းကြောင်းဖြင့် နှစ်နိုင်ငံကြားအမြင် နဲ့ စိုးရိမ်မှု တွေကို ဖော်ပြနိုင်မှာ ဖြစ်ပြီး နယ်ခြားမှာရှိတဲ့ တပ်တွေ အလျင်အမြန် ဖယ်ရှားရေးကိုလည်း သဘောတူထားပြီး ထိုသဘောတူညီချက် အတိုင်း ဆက်လက်ဆောင်ရွက်နေပါတယ်လို့ အဆိုပါ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ရက်သတ္တပတ် ၉ လကြာမျှ အိန္ဒိယ ဟာ တရုတ်မီဒီယာ တွေရဲ့ ပြင်းပြင်းထန်ထန် ဝေဖန်ရေးသားမှု များကို ကြံ့ကြံ့ခံ ခဲ့ရပါတယ်။ နယ်စပ် မှ အိန္ဒိယတပ်ဖွဲ့ များဆုတ်ခွာမှု ကို တရုတ်အနေနဲ့ အတည်ပြုသော်လည်း တရုတ်နိုင်ငံခြားရေးဝန်ကြီး ဌာန ပြောခွင့်ရ ပုဂ္ဂိုလ် ဟွာချန််းယင် က တရုတ်အနေနဲ့ သူ့ရဲ့ပိုင်နက် နယ်မြေပိုင်ဆိုင်မှု နဲ့ အကျိုးစီးပွား အပေါ် ကာကွယ်သွားမယ်လို့ အခိုင်အမာ ပြောဆိုခဲ့ပါတယ်။

ဒီပဋိပက္ခ ဟာ တရုတ်နိုင်ငံ Xiamen မှာ စက်တင်ဘာလ ၃ ရက်ကနေ ၅ ရက် အထိကျင်းပမယ့် ၉ ကြိမ်မြောက် BRICS ညီလာခံမစတင်မီ သီတင်းပတ်အလိုမှာ ပြေလည်မှုရခဲ့တာပဲ ဖြစ်ပါတယ်။ ထိုညီလာခံကို အိန္ဒိယ အနေနဲ့ တက်ရောက်မလားဆိုတာကို ယခုအချိန်ထိ မေးခွန်းထုတ်နေကြဆဲ ဖြစ်ပြီး တက်ရောက်ခဲ့ ပါကလည်း ထိုပဋိပက္ခ အရေးနဲ့ပတ်သက်ပြီး ဆွေးနွေး ပွဲ တွေမှာ ဆက်ဆံရေး မပြေလည်မှုတွေ ကြုံတွေ့နိုင်ခြေ ရှိနေတာပဲဖြစ်ပါတယ်။

source: the diplomat

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။