ခန္ဓာကိုယ်ကို ပုံမှန်ဂျီးချွတ်ပေးခြင်းဖြင့် အိုမင်းမှုကို တားဆီးပေးခြင်း၊ အရေပြားရောင်ရမ်းမှုကို လျှော့ချပေးခြင်း၊ စိတ်ကျခြင်းနဲ ့စိတ်ဖိစီးမှုများခြင်းကို ပြေလျော့စေနိုင်ခြင်း၊အရေပြားကို ငယ်ရွယ်နုပျိုတဲ့အသွင်ဆောင်စေခြင်း၊ မလိုလားအပ်တဲ့ အဆီပိုတွေကိုဖယ်ရှားပေးနိုင်ခြင်း၊ ဆဲလ်သေတွေကိုဖယ်ရှားပေးလိုက်ခြင်းဖြင့် အစိုဓါတ်ထိန်းခရင်မ်တွေရဲ ့အာနိသင်ကို ပိုမိုစုပ်ယူနိုင်ခြင်း စတဲ့အကျိုးကျေးဇူးများကို ရရှိနိုင်ပါတယ်။

ခန္ဓာကိုယ်ရဲ ့အလှအပတွေကိုဖျက်ဆီးနေတဲ့ အဆီပိုတွေကို Coffee Scrub လုပ်ခြင်းဖြင့် အလွယ်တကူဖယ်ရှားနိုင်ပါတယ် ။ မိမိကိုယ်တိုင်လည်း အိမ်မှာ လွယ်ကူစွာပြုလုပ်နိုင်တဲ့ဒီနည်းလမ်းလေးမှာ ပါဝင်ပစ္စည်းတွေကတော့

- လတ်လတ်ဆတ်ဆတ်ကြိတ်ချေထားတဲ့ ကော်ဖီမှုန် ့ထမင်းစားဇွန်း ၅ ဇွန်း

- အညိုရောင်သကြားထမင်းစားဇွန်း ၃ ဇွန်း

- အုန်းဆီထမင်းစားဇွန်း ၂ ဇွန်း တို ့ဖြစ်ပါတယ်။

ပြုလုပ်နည်းကတော့ အုန်းဆီကို Microwave ထဲမှာ ၂၅ စက္ကန် ့မျှအပူပေးပါ။ အဲ့ဒီနောက်မှာ ပါဝင်ပစ္စည်းအားလုံးကို ခွက်တစ်ခွက်ထဲကို ပေါင်းထည့်ပြီး အနှစ်ဖြစ်အောင်

မွှေပေးပါ။ ရရှိလာတဲ့အနှစ်ကို အဆီပိုတွေဖယ်ရှားလိုတဲ့ နေရာတွေမှာ ပွတ်တိုက်လိမ်းပေးပါ။ ၁၀မိနစ်ကြာမျှခြောက်သွေ ့အောင်ထားပြီးနောက် ရေဆေးချပေးပါ။

ဒီနည်းလမ်းလေးကို အနည်းဆုံး တစ်ပတ်ကို ၂ ကြိမ်မျှပြုလုပ်ပေးပါက မကြာခင်မှာ အဆီပိုတွေကင်းစင်လာတာကို တွေ ့မြင်နိုင်မှာဖြစ်ပါတယ်။  

Source: Pinterest

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။