ရာသီပေါ်ဇီးသီးကလည်း မြန်မာတွေအကြိုက်အသီးအနှံတွေထဲမှာတစ်ခုအပါအဝင်ပါ။ဇီးသီး အချဉ်အစပ်လေးတွေမြင်ရင် သွားရည်ကျစားချင်လာတာအမှန်ပါ။အချဉ်လေးစားလိုက်ရမှ လူတွေအတွက်လည်း ဇီးသီးဟာ အာသာပြေနိုင်ရုံတင်မက ကျန်းမာရေးအတွက်ပါများစွာအထောက်အကူပြုပါတယ်။သို့သော်လည်း ဇီးသီး(ဆီးသီး)အမျိုးအစားပေါ်မူတည်ကာ အရသာ ချဉ်လေ ဗီတာမင်စီ ကြွယ်ဝလေလို့လဲဖော်ပြထားပါသေးတယ်။

အသီးသာမက၊ အရွက် နှင့်ပင်စည်အခေါက်တို့ကလဲ လွန်စွာဆေးဘက် ဝင်ကြပါတယ်။ဆီးသီးထဲတွင် မြင့်မားစွာပါရှိသော phytonutrients က ဓာတ်တိုးဆန့်ကျင်ပစ္စည်းအဖြစ်အစွမ်းထက်စေပါတယ်။ဗီတာမင်စီဓာတ် လဲ အလုံအလောက်ပါရှိသဖြင့်၊ ကိုယ်ခံစွမ်းအားကိုတိုးတက်မြင့်မားစေကာ၊ အအေးမိ/နှာစေး/ချောင်းဆိုး စသည့်ကူးစက် ရာသီ ဖျားများကို မဖြစ်စေပါဘူး။ကလေးငယ်များ၊ ကိုယ်ဝန်ဆောင်မိခင်လောင်းများနှင့် နာတာရှည်ဖျားနာသူများ စားပေးသင့်ပါတယ်။ဇီးသီးစားပေးခြင်းဟာ အစာစားလိုစိတ်ကို တိုးစေတယ် လို့ စကော့တလန် သုတေသီတွေက ဆိုပါတယ်။

ဆီးသီးထဲတွင်ပါရှိသော Asphenols (ခေါ်) အင်တီအောက်ဆီးဒင့်အာနိသင်က ဦးနှောက်နှင့်ဆက်စပ်လျှက်ရှိသော ဆဲလ်များကို ပုံမှန်အလုပ်လုပ်စေကာ၊ ဦးနှောက်ကိုကျန်းမာစေပြီး မှတ်ဉာဏ်စွမ်းအားလဲ တိုးတက်လာစေပါတယ်။သဘာဝအတိုင်း နှစ်နှစ်ခြိုက်ခြိုက် အိပ်မောချင်သူတွေအနေနဲ့လည်း တစ်နေ့ဇီးသီး(ဆီးသီး)၅လုံး၊၆လုံးခန့်ပုံမှန်စားသင့်ပါတယ်။ ညဉ့်လုံးပေါက်အိပ်ရေပျက်ခံအလုပ်လုပ်ကြသူများလဲ စိတ်အာရုံကြည်လင်စေရန် တစ်နေ့လျှင် ၃-၄လုံး စားပေးသင့်ပါတယ်။

ဆီးသီးဟာကျန်းမာရေးအတွက်ကောင်းကျိုးများစေတာမှန်သော်လဲဘဲလိုအပ်သည့်ပမာဏထက် အလွန်အကျူးမစားသင့်ဟုလည်းဖော်ပြထားပါတယ်။ရာသီပေါ်ဇီးသီးကို မြန်မာပီပီစားသုံးပီး ကျန်းမာရေးအတွက်ပါကောင်းကျိုးများရယူနိုင်ကြပါစေ။ကျန်းမာရောဂါကင်းသောဘဝကိုပိုင်ဆိုင်နိုင်ပါစေ..........

သတင်းအရင်းအမြစ်-ကျန်းမာရေးှဗဟုသုတ

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။