ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ် ဖီဖာကိုတော့ ကွင်းလယ်ကစားသမား မိုဒရစ်ကဝေဖန်လိုက်ပါတယ်။ နာမည်ကျော် ရီးရဲမက်ဒရစ် ကွင်းလယ်လူက လက်ရွှေးစင် ခရိုအေးရှားနိုင်ငံအသင်းနှင့် ပတ်သတ်ြ့ပီး ဝေဖန်လိုက်တာပါ။ မိုဒရစ်က ပွဲအချိန်ပြောင်းခဲ့တာနဲ့ ပတ်သတ်ပြီး ယခုကဲ့သို့ ပြောခဲ့တာပါ။ မိုဒရစ်က ဖီဖာကလူတွေဟာ စီမံခန့်ခွဲမှု ညံ့ကြောင်း ပြောခဲ့တာပါ။ 

ခရိုအေးရှားကွင်းလယ်လူ လူကာမိုဒရစ် က ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် ဖီဖာ အ နေဖြင့် ကစားသမားတွေရဲ့ အ နေအထားအ ပေါ် ယခုထက် ပိုပြီး ဂရုစိုက် သင့်တယ် လို့ ပြောဆိုသွားခဲ့ပါတယ် ။ ခရိုအေးရှား နဲ့ ကိုဆိုဗို တို့ ကစားခဲ့တဲ့ ကမ္ဘာ့ဖလားခြေစစ် ပွဲ ဟာ ရာသီဥတု ဆိုးရွားမှုကြောင့် ပွဲချိန် ၂၂ မိနစ် မှာ ဖျက် သိမ်းခဲ့ရပြီး နောက် တစ် ရက် အကြာမှာပြန် လည် ကစားခဲ့ပါတယ် ။ အိမ် ရှင် ခရိုအေးရှား အသင်းက ၁ လုံးတည်းသော ဂိုးနဲ့ အနိုင် ရခဲ့ပြီး အုပ် စု ပထမ နေရာကို ရယူနိုင် ခဲ့ပေမယ့် မိုဒရစ် က တော့ ဖီဖာ ရဲ့ ပွဲ ရွှေ့ ပြောင်းမှု ဆိုင် ရာ စီမံခန့်ခွဲမှုတွေ အ ပေါ် ဝေဖန် ပြောဆိုသွားခဲ့ပါတယ် ။“ကွင်းက အ ခြေ အ နေ မ ကောင်းဘူး ၊ ကစားလို့ မရဘူးလို့ ညပိုင်းကတည်းက သတင်းဝင် လာခဲ့ပါတယ် ။ အားလုံး အိပ်ယာဝင်နောက် ကျခဲ့ကြပြီး မနက် အ စောကြီးမှာ ကျွန်တော်တို့ကို လာနှိုးခဲ့ပါတယ် ။ စစ် တန်းလျားတွေမှာ နှိုးသလိုမျိုးနဲ့ပါ ။ ပွဲအတွက် ဘာမှ ကောင်းကောင်းမွန်မွန် မပြင် ဆင် လိုက် ရပါဘူး” လို့ မိုဒရစ်ကပြောခဲ့ပါတယ်။

ဒါ့အပြင် “ဖီဖာ က ဘောလုံးသမားတွေကို ဂရုမစိုက် ဘူးဆိုတာကို ပြသလိုက် တာပါပဲ ။ သူတို့ ဂရုစိုက် တဲ့ တစ် ခုတည်း သော အရာက ကစားပွဲဖြစ် မြောက် ရေးပါ။ စ နေ နေ့တုန်းက ကွင်းဟာ ကစားရ အရမ်းခက် ခဲ့ပါတယ် ။ ဒါပေမယ့် ဘယ် သူက မှ လွန် လွန်ကျူးကျူးမဖြစ် ခင် အထိ ရပ် ဖို့ စိတ် မကူးကြပါဘူး ။ တကယ် လို့ ဖီဖာ သာ တကယ် ဂရုတစိုက် လုပ် ကိုင် မယ် ဆိုရင် တူရကီ - ခရိုအေးရှားပွဲကိုလည်း ရွှေ့ဆိုင်းပေးရမှာပေါ့” လို့ မိုဒရစ် က ပြောဆိုသွားခဲ့ ပါတယ် ။ မိုဒရစ် ရဲ့ ခရိုအေးရှား အသင်းဟာ အုပ် စု ပထမ နေရာမှာ ရပ် တည် နေပြီး ဒုတိယ နေရာက ယူကရိန်း အသင်းကို ၂ မှတ်ဖြတ် ထားခဲ့ပါတယ် ။ ခရိုအေးရှား ဟာ လာမယ့် အင်္ဂါနေ့မှာ အလွန်အ ရေးပါတဲ့ ခြေစစ် ပွဲ အဖြစ် တူရကီမြေ ကို သွားရောက် ကစားရမှာဖြစ်ပြီး နားရက် ပိုမို ရရှိခဲ့တဲ့ အိမ် ရှင် အ ပေါ် ဖီဖာ ရဲ့ စီမံမှုတွေ မျှတမှု မရှိဘူးလို့ မိုဒရစ် က ပြောဆိုသွားခဲ့တာဖြစ် ပါတယ် ။

Hein

Source – Daily Mail 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။