စိတ်ပိုင်းဆိုင်ရာလေ့ကျင့်ခန်းတွေပြုလုပ်နေတဲ့မြန်မာယူ-18

မြန်မာယူ-18အသင်းကတော့ကွင်းအတွင်းခြေစွမ်း

ပြနိုင်ဖို့ဘက်စုံထောင့်စုံကနေပြင်ဆင်နေပါပြီ။

ပြိုင်ပွဲကာလအတွင်းဖိအားတွေ၊စိတ်ပိုင်းဆိုင်ရာအခက်အခဲ

တွေကိုဖြေရှင်းနိုင်ဖို့အတွက်စိတ်ပိုင်းဆိုင်ရာလေ့ကျင့်ခန်းတွေကိုပြုလုပ်ခဲ့ကြတယ်လို့သိရပါတယ်။မြန်မာယူ-18ဟာ

စိတ်လေ့ကျင့်ခန်းတွေကိုဆိတ်ငြိမ်တဲ့နေရာတစ်ခုဖြစ်တဲ့

နိုဗိုတယ်ဟိုတယ်ကယောဂခန်းမမှာသွားရောက်လေ့ကျင့်ခဲ့

ကြတာပါ။

စိတ်ပိုင်းဆိုင်ရာလေ့ကျင့်မှုတွေပြီးတဲ့နောက်မှာ

ဘောလုံးအဖွဲ့ချုပ်ဥက္ကဌကြီးကပြိုင်ပွဲအတွင်း

ဆောင်ရန်၊ရှောင်ရန်တွေကိုယူ-18အသင်းသား

တွေကိုမှာကြားခဲ့ပါတယ်။ပြိုိင်ပွဲမှာအောင်မြင်မှု

ရစေဖို့လည်းအထူးမှာကြားခဲ့တယ်လို့သိရပါတယ်။နိုဗိုတယ်

ဟိုတယ်မှာစိတ်လေ့ကျင့်ခန်းပြုလုပ်ပြီးတဲ့နောက်မှာ

ဦးဇော်ဇော်ကယူ-18ကိုနေ့လည်စာကျွေးမွေးခဲ့ပါတယ်။

ညနေပိုင်းမှာတော့ယူ-18ဟာမြန်မာဘောလုံးအကယ်ဒမီမှာပုံမှန်အတိုင်း

လေ့ကျင့်ခန်းလုပ်ပြီးညပိုင်းမှာတော့နည်းပြကြီးဘန်လာဘီကယူ-18အသင်းသားတွေကိုအင်ဒိုနဲ့ပွဲအတွက်ပြင်ဆင်

စရာရှိတာတွေကိုဗွီဒီယိုနဲ့တကွသင်ကြားပြသပေးယသွားခဲ့ပါတယ်။မြန်မာယူ-18ဟာမနက်ဖြန်မှာအာဆီယံယူ-18ပြိုင်ပွဲရဲ့

နာမည်အကျော်ကြားဆုံးအင်ဒိုနီးရှားနဲ့ယှဉ်ပြိုင်ရမှာပါ။

source-MFF

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။