လူအများစုကတော့ အမျိုးသမီးတွေကို အလှအပအတွက်ပဲလို့ထင်ကြပါတယ်။သဘောကတော့ ချောမောလှပတဲ့မိန်းကလေးတွေဟာ ထက်မြက်မှုမရှိနိုင်ဘူးလို့ထင်ထားကြပါတယ်။ဒါပေမဲ့ ယခုဖော်ပြထားတဲ့အကြောင်းအရာဟာသင့်ရဲ့အတွေးတွေကို ပြောင်းပြန်ဖြစ်သွားနိုင်ပါတယ်။အားလုံးသိတဲ့ အတိုင်း Hacking ဆိုတဲ့ နည်းပညာဟာ ရှုပ်ထွေးပြီး ကွန်ပျူတာ ကျွမ်းကျင်တိုင်း Hacker သမားတစ်ယောက်မဖြစ်နိုင်ပါဘူး။ Hacker တစ်ယောက်ဖြစ်ဖို့အတွက် ကျွမ်းကျင်မှု ၊ ထက်မြက်တဲ့ ဉာဏ်စွမ်းရည် ဖြတ်ထိုးဉာဏ်ဆိုတာလည်းလိုအပ်ပါသေးတယ်။ဒီတခါမှာတော့ ရုပ်ရည်ချောမောလှပပြီး ကမ္ဘာ့နာမည်အကြီးဆုံးအမျိုးသမီး Hackerများကိုဖော်ပြလိုက်ရပါတယ်။

၁။ Adeanna Cooke

အမျိုးသမီးနာမည်ကြီးHackerစာရင်းထဲမှာ Adeanna Cookeကတစ်ယောက်အပါအဝင်ဖြစ်ပါတယ်။သူမဟာယခင်က နာမည်ကြီး PLayboy မဂ္ဂဇင်းရဲ့ မော်ဒယ်တစ်ယောက်ဖြစ်တယ်လို့သိရပါတယ်။သူမဟာ ပုံမှန်ရိုးရိုးဓာတ်ပုံရိုက်ဖို့အတွက် ငှားရမ်းခဲ့ပေမဲ့ သူမရဲ့သူငယ်ချင်းများက ပိုက်ဆံပိုမိုရရှိဖို့အတွက် သူမရဲ့ဓာတ်ပုံကို ဝတ်လစ်စလစ်ပုံပေါ်မှာတင်ပြီး Editလုပ်ခဲ့ကြပါတယ်။ Adeanna ဟာသူမရဲ့ ဝတ်လစ်စလစ်ပုံတွေကို Website တွေမှာတွေ့တဲ့အခါ ချက်ခြင်းဆိုသလို အဲဒီ Website တွေကို အကျိုးအကြောင်းမေးခြင်းမရှိ ပဲ Hack ခဲ့ပါတယ်။ဒီကျွမ်းကျင်မှုဟာ သူမကိုယ်တိုင် လေ့လာရာကနေ ရရှိလာတာဖြစ်တယ်လို့သိရပါတယ်။

၂။ Xiao Tian

Xiao Tianဆိုတဲ့အမျိုးသမီးဟာ အသက်၁၉ နှစ်သာရှိသေးပြီး တရုပ်ပြည်ရဲ့နာမည်ကြီး အမျိုးသမီးHackerတွေထဲမှာ တစ်ဦးအပါအဝင်ဖြစ်ပါတယ်။“ China Girl Security Team” မှာအဖွဲ့ဝင်တွေဟာ အထူးသဖြင့် မိန်းကလေးအများစုပါဝင်ပြီး အဖွဲ့ဝင်ပေါင်း 3000 ကျော်ပါဝင်ပါတယ်။

၃။ Anna Chapman

1982 ခုနှစ် February 23 မှာမွေးဖွားခဲ့သူ Anna Chapmanဟာ Russian Hacker တစ်ယောက်အဖြစ်မွေးဖွားခဲ့လားလို့တောင်တွေးထင်မိပါတယ်။သူမကို အမေရိကန်ပြည်ထောင်စု အထွေထွေရှေ့နေချုပ်ကိုအသိမပေးပဲ နိုင်ငံခြားအစိုးရ အဖွဲအစည်းရဲ့ Agent အဖြစ်ပူးပေါင်းဆောင်ရွက်ခဲ့တယ်ဆိုတဲ့အချက်နဲ့စွပ်စွဲခဲ့တဲ့အပြင် အမေရိကန်နဲ့ Russia အကျဉ်းသားဆိုင်ရာသဘောတူစာချုပ်လဲလှယ်မှု တစ်စိတ်တစ်ဒေသအနေနဲ့ Anna Chapman ကို 2010 ခုနှစ် July 8 ရက်နေ့မှာ Russia ကိုပြည်နှင်ဒဏ်ပေးခဲ့ပါတယ်။

၄။ Ying Cracker

Ying Cracker ကတော့ Hackerတွေထဲမှာတော့ အလှဆုံးအမျိုးသမီးတစ်ယောက်ဖြစ်တယ်လို့သိရပါတယ်။ ဒါ့အပြင် Shanghai မှာ “Hacking “ ပိုင်းနဲ့ပတ်သတ်ပြီး သင်ကြားပေးနေတဲ့သူတစ်ယောက်လည်းဖြစ်ပါတယ်။သူမဟာ Software တွေကို Hacking လုပ်ရာမှာ Expert တစ်ယောက်လည်းဖြစ်တဲ့အပြင် သူမဟာ Software တွေကို Crack (Break) လုပ်ရာမှာလည်းအထူးကျွမ်းကျင်ပါတယ်။

၅။ Kristina Svechinskaya

Kristina Svechinskaya လို့လူသိများကြပေမဲ့ သူမရဲ့နာမည်အရှည်က “Kristina Vladimirovna Svechinskaya” ပဲဖြစ်ပါတယ်။ သူမကို Irkutsk မြို့မှာမွေးဖွားခဲ့တာဖြစ်ပြီးတော့ အဲ့ဒီမြို့ဟာ Russia နိုင်ငယ် Siberia ပြည်နယ်ရဲ့ လူဦးရေ အထူထပ်ဆုံး မြို့တစ်မြို့ထဲမှာပါဝင်ပါတယ်။New York University Stern School Of Business မှာကျောင်းသူတစ်ယောက်ဖြစ်သလို စားသောက်ဆိုင် ဝန်ထမ်းအဖြစ်လုပ်ကိုင်ခဲ့ဖူးသူလည်းဖြစ်ပါတယ်။ သူမဟာ 2010 အောက်တိုဘာလ အစောပိုင်းတုန်းက New York မှာဖမ်းဆီးထိန်းသိမ်းခြင်းခံခဲ့ရပါတယ်။ ဘာလို့လည်းဆိုတော့ Malware နဲ့ Virus တွေကို Network ထဲကိုပို့လွှတ်ပြီး Passports အတုတွေသုံးကာ အမေရိကရဲ့ ဘဏ်အကောင့်အများအပြားကို Hack ပြီး ဒေါ်လာ ၃၅မီလီယံ ခိုးယူခဲ့တဲ့ တရားခံအဖြစ်သတ်မှတ်ခြင်းခံခဲ့ရတာကြောင့်ပဲဖြစ်ပါတယ်။

သတင်းအရင်းအမြစ်-အခရာ

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။