ပြီးခဲ့တဲ့ ရက်တွေအတွင်းမှာတော့ ကမ္ဘာ့ဖလားခြေစစ်ပွဲတွေကစားခဲ့ပါတယ်။ ဥရောပ ပွဲစဉ်တွေမှာတော့ ပွဲကြီးပွဲကောင်း တစ်ပွဲပါ၀င်ခဲ့ပါတယ်။ အဆိုပါ ပွဲစဉ်ကတော့ နာမည်ကျော် အင်အားကြီး အသင်းတွေဖြစ်တဲ့ အီတလီနှင့်စပိန် တို့၏ပွဲပါ။ အဆိုပါပွဲစဉ်မှာတော့ စပိန်က အီတလီကို ဂိုးပြတ်အနိုင်ရကာ အောင်ပွဲခံခဲ့ပါတယ်။

ဒါ့အပြင် စပိန်အသင်းက အီတလီအသင်းတင်ရှိထားတဲ့ ၁၁နှစ်ကြာ စံချိန်ကိုပါ ချိုးဖျက်နိုင်ခဲ့ပါတယ်။ စပိန်အသင်းသည် ခြေစစ်ပွဲများတွင် (၁၁)နှစ်ကြာ ရှုံးပွဲမရှိသည့် အီတလီ အသင် း၏ မှတ်တမ်းကို အဆုံးသတ်ခဲ့ပြီဖြစ်ကြောင်းသိရသည်။ ပြီးခဲ့သည့်စနေ နေ့က ၂၀၁၈ ကမ္ဘာ့ဖ လားခြေစစ်ပွဲအဖြစ် စပိန်နှင့်အီတလီအသင်း တို့ကစားခဲ့ သောပွဲတွင် စပိန်အသင်းက အစ္စကို(၂ဂိုး)၊ မိုရာတာတို့၏ သွင်းဂိုးများဖြင့် အနိုင် ယူခဲ့ပြီး နိုင်ငံတကာခြေစစ်ပွဲများ၌ အီတလီအသင်း (၅၆)ပွဲကြာ ရှုံးပွဲမရှိသည့် မှတ်တမ်းအား ရပ်တန့်ခဲ့ခြင်းဖြစ်သည်။ အီတ လီအသင်းသည် ၂၀၀၆၊ စက်တင် ဘာလ(၉) ရက်က ပြင်သစ်အသင်းနှင့်ကစားခဲ့သော ယူရို-၂၀၀၈ ခြေစစ်ပွဲတွင် (၁-၃)ဂိုးဖြင့် ရှုံးနိမ့်ခဲ့ပြီ နောက်ပိုင်း ယူရိုနှင့်ကမ္ဘာ့ဖလားခြေစစ်ပွဲများ၌ ထပ်မံရှုံး နိမ့်ခဲ့ခြင်းမရှိတော့ဘဲ ယခုပွဲမှ ရှုံးပွဲပြန်တွေ့ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ 

အီတလီအသင်းအနေဖြင့် စပိန်မြေ တွင် စပိန်အသင်းကို နောက်ဆုံးအနိုင်ရခဲ့ခြင်း မှာ ၁၉၄၉ ခုနှစ်က ဘာနေဗျူးကွင်း၌ ကစားခဲ့ သော ခြေစမ်းပွဲတွင်ဖြစ်ပြီး (၃-၁)ဂိုးဖြင့်အနိုင် ရခဲ့သည်။ ယင်းနောက်ပိုင်းတွင် အီတလီအ သင်းမှာ စပိန်အသင်းကို အဝေးကွင်း၌ အနိုင် မရတော့ဘဲ (၇)ပွဲကစားခဲ့ရာတွင် တစ်ပွဲသာ သရေကျခဲ့ပြီး ကျန်ပွဲတိုင်းရှုံးနိမ့်ခဲ့ကြောင်း သိရသည်။ စပိန်အသင်း မှာ အီတလီကို အနိုင်ရခဲ့ပြီးနောက် ကမ္ဘာ့ဖလား ခြေစစ်ပွဲများတွင် ၁၉၉၃ နောက်ပိုင်း ရှုံးပွဲမရှိသေး သည့် မှတ်တမ်းကောင်းတစ်ခုကို ဆက်လက် ထိန်းသိမ်းနိုင်ခဲ့ပြီဖြစ်သည်။ စပိန်အသင်းသည် ၁၉၉၃ ခုနှစ်က ဒိန်းမတ်နှင့်ကစားခဲ့သော ကမ္ဘာ့ ဖလားခြေစစ်ပွဲ၌ (၀-၁)ဂိုးဖြင့် ရှုံးနိမ့်ခဲ့ပြီးနောက် ရှုံးပွဲမရှိတော့ဘဲ ပွဲအရေအတွက်အားဖြင့် (၅၉)ပွဲအထိရှိလာပြီဖြစ်ကြောင်းသိရသည်။

Source – Daily Mail 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။