ကော်စတာနှင့် ကလပ်အသင်း ချယ်ဆီးတို့ကတော့ မချစ်သေ်ာလည်းအောင့်ကာနမ်းနေရသည့် အခြေအနေသို့ရောက်ရှိနေကြပါတယ်။ စပိန်လက်ရွေးစင်တိုက်စစ်မှူး ဒီယေဂိုကော်စတာသည် ချယ်လ်ဆီးအသင်း၏ ၂၀၁၇-၂၀၁၈ ရာသီ လူစာရင်းတွင်ပါ၀င် လာကြောင်း သိရသည်။ ဒီယေဂိုကော်စတာသည် ချယ်လ်ဆီး အသင်းနည်းပြ ကွန်တီ၏ အနာဂတ်အစီအစဉ်များတွင် ပါ၀င်ခြင်းမရှိတော့ဆိုသည့် မက်ဆေ့ချ်လက်ခံရရှိပြီးကတည်းက အသင်းသို့ ပြန်လာခြင်းမရှိပေ။ ကော်စတာသည် မွေးရပ်မြေ ဘရာဇီးလ်နိုင်ငံ၌ ကိုယ်ပိုင်အစီအစဉ်ဖြင့် လေ့ကျင့်မှု ပြုလုပ်ခဲ့သည်။

၎င်းသည် အပြောင်းအရွှေ့ ကာလမပိတ်မီ အသင်းဟောင်းအက်သလက်တီကိုသို့ ပြန်လည်ပြောင်းရွှေ့ရန် ကြိုးပမ်းသော်လည်း မအောင်မြင်ခဲ့ပေဒ။ ထို့ကြောင့် ကော်စတာသည် ချယ်လ်ဆီး၌သာ ဆက်နေရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ ချယ်လ်ဆီးအသင်းသည် လေ့ကျင့်ခန်းအစီအစဉ်ပြုလုပ်ရန် ပျက်ကွက်သည့် ၎င်းအား နှစ်ပတ်စာလစာငွေ ဒဏ်ကြေးတပ်ခဲ့သည်။ ဒါ့အပြင် ကော်စတာကို ယခုရာသီအတွက် လူစာရင်းမှတ်ပုံတင်ရာတွင် ထည့်သွင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မူလပထမက တိုက်စစ်မှူး ကော်စတာ သည် ဒဏ်ရိုက် ခံရပြီးနောက် ယခုကဲ့သို့ ဖြေရှင်းချက်ထုတ်ခဲ့သည်။ ကြေညာချက်ထုတ်ခဲ့ခြင်းလည်းဖြစ်သည်။ ယင်းကြေညာချက်တွင် ဒီယေဂိုကော်စတာက “ကျွန်တော် နောက်ဆုံးဆုံးဖြတ်ချက်ကို ချမှတ်လိုက်ပါပြီ။ ကျွန်တော် ချယ်လ်ဆီးအသင်းကို လုံးဝပြန်မသွားတော့ပါဘူး။ အက်သလက်တီကိုအသင်းကိုပဲ ပြန်လည်ပြောင်းရွှေ့ပါတော့မယ်” ဟု ပြောကြားခဲ့ကြောင်း သိရှိရသည်။ ဒီယေဂိုကော်စတာ၏ ရှေ့နေဖြစ်သူကလည်း ချယ်လ်ဆီးအသင်းနှင့် စာချုပ်ဖျက်သိမ်းနိုင်ရန် ကြိုးပမ်းသွားမည်ဖြစ်ပြီး ချယ်လ်ဆီးအသင်းက လက်မခံခဲ့ပါက တရားရင်ဆိုင်ရန်ပင် စီစဉ်ထားပြီဖြစ်ကြောင်း သိရှိရသည်။ သို့သော် ယခုအခါတွင်မှု ချယ်ဆီးတွင်သာ ကော်စတာ ဆက်ရှိတော့မည်ဖြစ်သည်။

Hein

Source – Daily Mail 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။