အင်္ဂလန် ဘောလုံးကစားသမား ရွန်းနီကတော့ ယခုတလော အိမ်ထောင်ရေးအဆင်မပြေသလို ဖြစ်နေပါတယ်။ ရွန်းနီက ပြီးခဲံရက်ပိုင်းမှာပဲ အရက်သောက်ပြီး ကားမောင်းတယ်ဆိုကာ ထိန်းသိမ်းခံခဲ့ရပါတယ်။ ယခုလည်း အခြားအမျိုးသမီးတစ်ယောက်နှင့် လက်လွတ်စပယ်နေတယ်လို့ မီဒီယာအချို့ကပြောနေပါတယ်။ ရွန်းနီ၏ ဇနီးကောလင်းက ရွန်းနီဖမ်းဆီးခံရတာနှင့် ပတ်သတ်ပြီး စပိန်ကနေ ပြန်လာြ့ပီးနောက် ယခုလို သတင်းတွေထွက်လာတာပါ။  

အရက်မူးပြီး ကားမောင်းခဲ့ညက ရွန်းနီတစ်ယောက် အဲဒီညက ဘားမှာ လော်ရာဆမ်ဆွန် အမည်ရှိသူ အမျိုးသမီးနဲ့ တွေ့ဆုံခဲ့ပြီး၊ ရဲအဖမ်းခံချိန်မှာလဲ သူမနဲ့အတူ ကားထဲမှာအတူတူ ရှိနေခဲ့တယ်လို့ သတင်းတွေက အခိုင်မာ ဆိုထားကြပါတယ်။ The Sun နဲ့ အင်တာဗျူးမှာတော့ လော်ရာဆမ်ဆွန်က " ကောလင်းကိုယ်တိုင်က ကျမဆီ ဖုန်းဆက်ပြီး ဖြစ်ပျက်ခဲ့တာတွေကို အမှန်တိုင်းပြောပြဖို့ မေးခဲ့ပါတယ်။ သူမကြည့်ရတာ ကျမတို့ နိုက်ကလပ်မှာ ဖြစ်ပျက်ခဲ့တာတွေ၊ ကားထဲမှာ ဖြစ်ခဲ့တာတွေနဲ့ ပတ်သက်ပြီး တော်တော်လေးကို စိတ်ဒုက္ခရောက်နေတဲ့ပုံပါပဲ" လို့ ထုတ်ဖော်ပြောဆိုထားပါတယ်။ ဆက်လက်ပြီး လော်ရာက သူမအနေနဲ့ ကောလင်းကို အနူးအညွတ်တောင်းပန်တဲ့အကြောင်း ပြောဆိုခဲ့သလို၊ ရွန်းနီနဲ့ကြားမှာလဲ ဘာမှမဖြစ်ခဲ့ဘူးလို့ အခိုင်မာ ပြောဆိုသွားခဲ့ပါတယ်။ 

ရွန်းနီ၏ဇနီးဖြစ်သူကောလင်းရဲ့ သူငယ်ချင်းတစ်ယောက်ကတော့ " သူမအနေနဲ့ တော်တော်လေး စိတ်မကောင်းဖြစ်နေပါတယ်။ ရွန်းနီကလဲ သူနဲ့ လော်ရာအကြား ဘာမှမဖြစ်ခဲ့ဘူးဆိုတာ ကြိမ်ဆိုထားသလို၊ အခုလို အဖြစ်အပျက်မျိုးတော့ မဖြစ်သင့်ခဲ့ဘူးဆိုတာ ၀န်ခံထားပါတယ်။ ပြသနာက ကောလင်းကိုယ်တိုင် အဲဒီစကားတွေကို မယုံနိုင်သေးတာပါပဲ။ ဘာလို့ မူးနေတဲ့ အမျိုးသမီးတစ်ယောက်ကို တက္ကစီနဲ့ မပို့ပဲ ကိုယ်တိုင်မောင်းပို့ခဲ့လဲဆိုတာပဲ ထပ်ခါထပ်ထပ်ခါ မေးခွန်းထုတ်နေတာပါ။ သူတို့အိမ်ထောင်ရေး ပြန်အဆင်ပြေသွားမလားဆိုတာတော့ အချိန်ကပဲ သက်သေပြသွားမှာပါ" လို့ မှတ်ချက်ပေးသွားခဲ့ပါတယ်။ ကောလင်းနဲ့ နီးစပ်တဲ့အသိုင်းဝိုင်းကတော့ သူမ ကိုယ်ဝန်ရှိနေချိန်မှာတောင် အခုလို ဖြစ်ရပ်မျိုးဖန်တီးခဲ့တဲ့ ရွန်းနီကို တော်တော်လေး နာကျည်းမိနေတယ်လို့ ပြောဆိုနေကြပါတယ်။ ကောလင်းဟာ ယခုအခါ ကိုယ်ဝန်လွယ်ထားရတာဖြစ်ြ့ပီး ရွန်းနီနှင့်ကလေး၃ယောက်လည်းရရှိထားပါတယ်။

Source – Daily Mail 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။