အနိုင်သုံးမှတ်အတွက်ဘစ်ရှက်ကိုရောက်လာတဲ့ရန်အောင်ကျော်

ကျွန်တော်တို့ကာဂျစ်အသင်းကိုလေးစားပါတယ်။

ကာဂျစ်အသင်းဟာအသင်းကောင်းတစ်သင်းလည်းဖြစ်ပါတယ်။ဒါပေမယ့်ကျွန်တော်တို့ဘစ်ရှက်ကိုအနိုင်သုံးမှတ်

အတွက်ရောက်လာတာပါလို့မြန်မာအမျိုးသားလက်ရွေးစင်

ဘောလုံးအသင်းခေါင်းဆောင်ရန်အောင်ကျော်ကပြောကြားခဲ့ပါတယ်။

မနက်ဖြန်မြန်မာစံတော်ချိန်ည(8:30)မှာကာဂျစ်မြို့တော်

ဘစ်ရှက်မှာမြန်မာအသင်းနဲ့ကာဂျစ်တို့အာရှဖလားခြေစစ်ပွဲ

ကစားကြတော့မှာပါ။

ဝေဖန်မှုတွေများနေတဲ့နည်းပြကြီးဂတ်ကိုလည်း

သူတို့တွေယုံကြည်မှုရှိနေပါတယ်လို့Captain Iceလို့

နိုင်ငံတကာမီဒီယာတွေကခေါ်ကြတဲ့ရန်အောင်ကျော်က

ပြောပြပါတယ်။နည်းပြကြီးဂတ်ဟာမြန်မာဆီးဂိမ်း

အသင်းကျရှုံးခဲ့မှုကြောင့်ပရိသတ်တွေရဲ့ဝေဖန်မှု

ခံနေရသူုဖြစ်ပါတယ်။MFFကလည်းကာဂျစ်နဲ့ပွဲအပေါ်

မူတည်ပြီးဂတ်ရဲ့အနာဂါတ်ကိုဆုံးဖြတ်မယ်လို့ရာဇသံပေးထား

ပါတယ်။

နည်းပြကြီးဂတ်ဟာမြန်မာဘောလုံးလောကကိုရောက်လာတာ

7နှစ်ခန့်ရှိပြီဖြစ်ပြီးမြန်မာ့ယူ-20ကိုကမ္ဘာ့ဖလားကို

ပို့ဆောင်ပေးခဲ့ပြီးပါပြီ။ရန်အောင်ကျော်ဟာနိုင်ငံအသင်း

အတွက်ပွဲပေါင်း55ပွဲကစားခဲ့ပြီးနောက်တက်လာတဲ့

လူငယ်ဘောလုံးသမားတွေကိုသူ့အနေနဲ့ကျေနပ်အားရ

တယ်လို့ပြောပြပါတယ်။သူ့ကစားသမားဘဝ

မှာအမှတ်ရနေခဲ့တဲ့ပွဲကဘန်ကောက်မှာတောင်ကိုရီးယား

ကို2-0နဲ့ရှုံးခဲ့တဲ့ပွဲရယ်2016 ဆူဇူးကီးဖလားပြိုင်ပွဲရယ်

ဖြစ်တယ်လို့ရန်အောင်ကျော်ကပြောပြပါတယ်။

Source-AFC

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။