တစ်သက်မှာ တစ်ခါဆောင်ရတဲ့မင်္ဂလာဆောင်ကိုတော့ မည်သူမဆိုအကောင်းဆုံးပြင်ဆင်ကြတဲ့သူတွေချည်းပါဘဲ။ ချမ်းသာတဲ့သူတွေက ပိုက်ဆံတွေ အကုန်ခံပြီး ဆောင်သလို မတက်နိုင်တဲ့ သူတွေကလည်းမိမိတို့ အင်အားတွေ အစွမ်းကုန်စိုက်ထုတ်ကာဆောင်ကြပါတယ်။ မင်္ဂလာ လေးပွဲအနက် သုံးပွဲဆောင်ပြီးကြတဲ့ မိုးယုစံတို့ လင်မယားကတော့....

မိုးယုစံနှင့် စွမ်းသူ ဟာဆိုရင် မင်္ဂလာလက်မှတ်ရေးထိုးပွဲကို Sedona၊ မင်္ဂလာဆွမ်းကျွေးကို မဟာစည်၊ စုလျားရစ်ပတ်ကိုတော့ Melia မှာပြုလုပ်ခဲ့တာဖြစ်ပြီး မင်္ဂလာညစာစားပွဲကို ပြုလုပ်တော့မှာဖြစ်ပါတယ်။ သူတို့ နှစ်ယောက်ဟာ မင်္ဂလာအကြိုဓာတ်ပုံရိုက်တဲ့နေရာမှာတင်မက မင်္ဂလာအခမ်းအနား အပြင်အဆက်တွေကိုပါ မိမိတို့ တက်နိုင်သလောက်အားထုတ်ကာ အကုန်အကျမြောက်များစွာခံပြီးပြုလုပ်ခဲ့ကြပါတယ်။

တချို့မင်္ဂလာဆောင်ပြီးခါစသူတွေ ကတော့မိမိတို့အတွက်သာ ပိုက်ဆံဖြုန်းတီးကြပြီး ကောင်းမှုကုသိုလ်ပြုလုပ်ဖို့မေ့နေတတ်ကြပါတယ်။ မိုးယုစံ နှင့် သူမရဲ့ ခင်ပွန်းကတော့ သူတို့ နှစ်ယောက်ရဲ့ မင်္ဂလာဆောင်အတွက် အစွမ်းကုန် ငွေအကုန်ခံကြသလို မင်္ဂလာဦး အလှူအတွက်လည်း ပန်းသီး ဖောင်ဒေးရှင်းက မိဘမဲ့ ကလေးအယောက် ၁၀၀ အတွက် ဘီပိုးကာကွယ်ဆေးထိုးဖို့ရန် အတွက် ရက်ရက်ရောရောလှူခဲ့ကြပါတယ်။ သူမတို့ အလှူကိုလည်း ခုနစ်ရက်သားသမီးအတွက်အမျှဝေခဲ့ကြပါသေးတယ်။ သိန်းသုံးဆယ်ဟာအရမ်းများပြားတဲ့ ပမာဏမဟုတ်ပေမယ့်လဲ လှုဖို့သာအဓိကမဟုတ်ပေဘူးလား....

Anna

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။