မနက်ကယှဉ်ပြိုင်ကစားသွားတဲ့ ပြင်သစ်အသင်းနဲ့ လူဇင်ဘတ်အသင်းတို့ပွဲစဉ်မှာ ဂိုးမရှိသရေရလဒ်နဲ့ အံ့အားသင့်ဖွယ်ပြီးဆုံးခဲ့ပါတယ်။ဒီပွဲမှာအထူးချီးကျူးရမှာတော့ လူဇင်ဘတ်ဂိုးသမား ဂျော့ဘတ်ပဲဖြစ်ပါတယ်။ဒါ့အပြင် လူဇင်ဘတ်နောက်တန်းကစားသမားတွေရဲ့ ကြိုးစားအာထုတ်မှုနဲ့ ပြင်သစ်အသင်းရဲ့ ကစားသမားတွေ ရဲ့ဂိုးကံခေမှုတွေက ဒီပွဲကို သရေရလဒ်နဲ့ပြီးဆုံးစေခဲ့တာဖြစ်ပါတယ်။နောက်ထပ်ချီးကျူးရမှာတစ်ခုက တော့ ပြင်သစ်အသင်းရဲ့ကစားသမား အမ်ဘတ်ပီ ပဲဖြစ်ပါတယ်။

အရွယ်နဲ့မလိုက်အောင် ခြေစွမ်းပြသနေခဲ့တဲ့ အမ်ဘတ်ပီကတော့ ဒီနေ့ပွဲမှာအကောင်းဆုံးပုံစံပြသနိုင်ခဲ့တာကြောင့် လူဇင်ဘတ်နောက်တန်းတော်တော် အလုပ်ရှုပ်ခဲ့ရပါတယ်။ပြင်သစ်အသင်းဟာ တောင့်တင်းတဲ့ပွဲထွက် လူစာရင်း ဖြစ်တဲ့ ဂျီရော့ ၊ဂရက်ဇမန်း ၊အမ်ဘတ်ပီ ၊ သောမက်လီမာတို့ကို တိုက်စစ်မှာပွဲထုတ်ခဲ့ပြီး အလယ်တန်းမှာတော့ စီဒီဘီ ၊ပေါ့ဘာ ၊ကန်တီ တို့ကို ပွဲထုတ်ခဲ့တာလည်းဖြစ်ပါတယ်။ပြင်သစ်အသင်းဟာ လူဇင်ဘတ်ဂိုးဘက်အခြမ်းမှာ တောက်လျှောက်တိုက်စစ်စင်နေခဲ့ပြီး ဘောလုံးပိုင်ဆိုင်မှုအသာနဲ့ ပွဲချိန်ပြည့်ဖိအားပေးကစားခဲ့တာလည်းဖြစ်ပါတယ်။

ဒါပေမဲ့ ဂိုးကံခေမှု ၊ နောက်တန်းတွေရဲ့ ဖြတ်ထုတ်မှု ၊ဂိုးသမားရဲ့ လက်စွမ်းပြမှုတွေက ပြင်သစ်အသင်းကို အခက်တွေ့စေခဲ့တာလည်းဖြစ်ပါတယ်။ဂရက်စမန်းရဲ့ သွင်းဂိုးတွေ ဂိုးဘားတန်းထိခဲ့မှုကြောင့် နစ်နာခဲ့ရသလို ပေါ့ဘာရဲ့ အဝေးကကန်သွင်းချက်တွေကလည်း ဂိုးသမားပုတ်ထုတ်နိုင်ခဲ့တာကြောင့် ပြင်သစ်အသင်းအခက်တွေ့စေခဲ့တာအမှန်ပါပဲ။လူဇင်ဘတ်အသင်းက လည်း တန်ပြန်တိုက်စစ်ကနေ ဂိုးရရှိဖို့စွမ်းဆောင်ခဲ့ပေမဲ့ ဂိုးတိုင်ထိပြီးထွက်သွားခဲ့တာကြောင့် ပြင်သစ်အသင်း သက်သာရ ရရှိခဲ့တာလည်းဖြစ်ပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။