Walking Dead ဟာ သူ့ရဲ့ zombie သရဲတွေကို တကယ့် ဘဝထဲကိုခေါ်လာတော့မယ်

AMC နဲ့ Next Games တို့ဟာ အဂါင်္နေ့မှာ The Walking Dead trailer ကို ထုတ်ဖော်ပြသလိုက်ပါတယ်။ ကျွန်ုပ်တို့ရဲ့ Zoombie ကမ္ဘာ ကြီးကနေကြိုဆိုပါတယ်။ ဒီ ဂိမ်းဟာ အပြင်မှာ တကယ့် Zoombie တွေနဲ့ ပစ်နေရသကဲ့သို့ ကစားသူတွေကို ရသပေးစွမ်းနိုင်မှာပါ။

Poke’mon Go မှာကဲ့သို့ ဇာတ်ကောင်ရွေးချယ်မှုတွေပါ ပြုလုပ်နိုုင်မှာ ဖြစ်ပြီး ပရိသတ်အကြိုက် ဇာတ်ကောင်တွေဖြစ်တဲ့ Rick, Daryl နဲ့ Michonne တို့ကိုလည်းရွေးချယ်နိုင်မှာပါ။ တကယ့် လူသွားလူလာများတဲ့ နေရာတွေဖြစ်တဲ့ ပန်းခြံတွေ၊ စတိုးဆိုင် တွေမှာ ဆော့ကစားနိုင်မှာပါ။

လမ်းမပေါ်တွေမှာ၊ ပန်းခြံ လိုနေရာတွေ၊ ဘယ်နေရာပဲဖြစ်ဖြစ်၊ ဘယ်အချိန်ပဲဖြစ်ဖြစ် ဆော့ကစားနိုင်မှာဖြစ်တယ်လို့ ကုမ္ပဏီ က ကြေညာထားပါတယ်။ Walking Dead ဂိမ်း Our World လို့ အမည်ရတဲ့ ဒီဂိမ်းဟာ iOS နဲ့ android အတွက် မကြာမီ ဆော့ကစားနိုင်တော့မှာပါ။ Walking Dead Season 8 ဟာလည်း ၂၂ ရက် အောက်တိုဘာလမှာ ပြသတော့မှာပဲဖြစ်ပါတယ်။

source: msn entertainment

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။