အိမ်တိုင်းနီးပါးက ကြက်ဥ စားသုံးတတ်ကြပါတယ်။ ကြက်ဥက အရိုးအဆစ် သန်မာစေတဲ့အပြင် အရပ်ရှည်ဖို့ကိုလည်း အထောက်အပံ့ပေးပါတယ်။ ဒ့ါအပြင် ကြက်ဥက ကျန်းမာရေးအတွက် များစွာ အထောက်အကူပေးတာကြောင့် ကြက်ဥကို အများစုက စားသုံးလေ့ ရှိပါတယ်။ ဒီလို ကြက်ဥ စားသုံးတဲ့အခါတိုင်း ကြက်ဥ အခွံဆိုတာကလည်း ရှိတတ်စမြဲပါ။ ဒါ့ကြောင့် ကြက်ဥ အခွံက ဘာတွေ အသုံးဝင်သလဲ … ဘယ်လို အသုံးပြုလို့ရမလဲဆိုတာကို တင်ဆက်ပေးချင်ပါတယ်။

၁) မျိုးစေ့တွေ ရှင်သန်ကြီးထွားဖို့အတွက် အထောက်အကူပေးတယ်။ သစ်ပင်စိုက်တဲ့အခါမှာ ကြက်ဥခွံထဲကို မြေကြီးအနည်းငယ်ထည့်ပြီး မျိုးစေ့လေး ထည့်စိုက်မယ် ဆိုရင် ဒီမျိုးစေ့လေး ရှင်သန် အောင်မြင်ဖို့ ကျိန်းသေ မလွဲပါဘူး။

(၂) မြေသြဇာအဖြစ်အသုံးပြုနိုင်ပါတယ်။ Organic စိုက်ပျိုးမယ်ဆိုရင် ကြက်ဥအခွံကို ချေမွပြီး မြေကြီးအနှံ လိုက်ဖြူးပေးရုံဖြင့် သဘာဝအတိုင်း Organic စိုက်ပျိုးသီးနှံဖြစ်စေနိုင်ပါတယ်။ မြေသြဇာအစားထိုး အသုံးပြုတာကြောင့် အသီးအနှံတွေနဲ့ အရွက်တွေမှာလည်း ဘေးထွက်ဆိုးကျိုး ကင်းစေနိုင်ပါတယ်။

(၃) အလှပန်းအိုး စိုက်သူတွေ အနေနဲ့လည်း အိုးအထဲတွင် ထည့်ပြီး အသုံးပြုနိုင်ပါတယ်။ အလှပန်းအိုး စိုက်ပျိုးသူဖြစ်စေ၊ အိမ်တွင် အလှထားသူဖြစ်စေ ပန်းအိုးရဲ့ အောက်ဆုံးမှာ ကြက်ဥခွံလေးတွေကို ချေပြီးထားနိုင်ပါတယ်။ ဒီလို ထားခြင်းဖြင့် ပန်းပင် ကောင်းမွန်စွာ ရှင်သန်ဖို့အတွက်လည်း အထောက်အကူများစွာ ပေးပါတယ်။

(၄) ကြက်ဥအခွံနဲ့လည်း လက်မှုပစ္စည်းလေးတွေ များစွာကို ပြုလုပ်လို့ရပါတယ်။ အခုနောက်ပိုင်းဆိုရင် ယွန်းထည်နဲ့ ကြက်ဥအခွံလေးတွေကို ပေါင်းစပ်ပြီး ခေတ်မီဆန်းသစ်တဲ့ မြန်မာမှု ယွန်းထည်ပစ္စည်းလေးတွေတောင် ဖြစ်လာကြပါတယ်။

ဒါလေးတွေကိုသာ သင် သိထားမယ်ဆိုရင် သင်က သစ်ပင်စိုက်တာ ၀ါသနာပါတဲ့သူ ဖြစ်ဖြစ်၊ လက်မှုလုပ်တာကို ချစ်မြတ်နို်းသူဖြစ်ဖြစ် ကြက်ဥခွံလေးတွေက အသုံးဝင်မှာ သေချာပါတယ်။ စီးပွားဖြစ် စိုက်ပျိုးရေး လုပ်ကိုင်နေသူများကိုလည်း ဒီနည်းလမ်းလေး မျှဝေပြီး ကြက်ဥခွံလေးတွေကို အသုံးပြုကြရအောင်နော် … ။

Source: YouTube

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။