လိပ်အမွှာလေးလေးလို့လူပြောများကြပါတယ်။ဦးခေါင်းနှစ်လုံးနှင့် အခွံတစ်ခုထဲနဲ့လိပ်လေးကတော့ ချစ်စရာကောင်းသလို သနားစရာလည်းကောင်းပါတယ်။သူတို့ကတော့ မဝေးကွာတဲ့ ညီအကို သူငယ်ချင်းတွေဖြစ်နေမှာပေါ့။အရာရာကိုခေါင်းနှစ်လုံးနဲ့စဉ်းစားလို့ရနိုင်သလို တစ်ယောက်တစ်ယောက်ရန်ဖြစ်ရင်လည်း အတော်နေရခတ်မယ်ထင်ပါတယ်။ဒီဦးခေါင်းနှစ်လုံးပါဂရိလိပ်ဟာတော့ သဘာဝသမိုင်းပြတိုက်မှာ ရှိတာဖြစ်ပါတယ်။

ဦးခေါင်းနှစ်လုံးပါဂရိလိပ်ကိုတော့ ၁၉၉၇ခုနှစ်၊စက်တင်ဘာလ ၃ရက်က ဂျီနီဗာသဘာ၀ သမိုင်းပြတိုက်မှာ ပေါက်ဖွားခဲ့တာဖြစ်ပါတယ်။ထူးဆန်းစွာပဲ ပေါက်ဖွားခဲ့တဲ့ လိပ်ဟာ ဦးခေါင်းနှစ်လုံးပါရှိနေတာပါပဲ။အလွန်လည်းဒီအဖြစ်အပျက်ဟာ ဖြစ်ခဲပါတယ်။အဲဒါကြောင့် ခေါင်းနှစ်လုံးပါတဲ့လိပ်လေးကို ဂျနုအမည်ရ ခေါင်းနှစ်လုံးပါ ရောမနတ်ဘုရားရဲ့ အမည်ကိုပေးခဲ့တာဖြစ်ပါတယ်။

ဒီပုံထဲမှာဆိုရင်တော့ အဆိုပါလိပ်ကလေးရဲ့ သဘာ၀ ဓာတ်ပုံလေးတွေကိုဖော်ပြထားပါတယ်။အစာစားနေကြတဲ့ ဦးခေါင်းနှစ်လုံးပါဂရိလိပ်ကလေးရဲ့ချစ်စရာကောင်းတဲ့ပုံရိတ်တွေရယ် သူတို့ရဲ့ ထူးဆန်းတဲ့ပုံစံတွေကိုမြင်တွေ့ရမှာပါ။

သတင်းအရင်းအမြစ်-Mizzima 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။