ကားတွေကျပ်နေလို့ လမ်းပိတ်တာနဲ့ကြုံရင် လူတိုင်းစိတ်ညစ်ကြရပါတယ်။ ဒါပေမယ့် ဒီ Taxi ဒရိုင်ဘာမလေးမောင်းတဲ့ Taxiကို သင်စီးနေမယ်ဆို ကားလမ်းဆက်ပိတ်နေပါစေလို့ သင်ဆုတောင်းမိမှာပါ။ အီကူတ ကာနာ လို့ခေါ်တဲ့ ဒီကောင်မလေးက သူမရဲ့ရုပ်ရည်နဲ့ ခန္ဓာကိုယ်အလှကြောင့် ဂျပန်မှာ အကျော်ကြားဆုံး Taxi ဒရိုင်ဘာတစ်ယောက ်ဖြစ်လာရပါတယ်။

သူမဟာ အရင်တုန်းကတော့ Photoမော်ဒယ်တစ်ယောက်ဖြစ်ပြီး သူမရဲ့ မော်ဒယ်လုပ်ငန်းအဆင်မပြေတာကြောင့် Taxiမောင်းတဲ့အလုပ်ပါ ထပ်မံလုပ်ကိုင်ဖို့ဆုံးဖြတ်လိုက်တာပါ။ 

အသက်၂၄နှစ်အရွယ်ရှိတဲ့ အီကူတဟာ Mina

Mates of Mina magazine မှာ Photo မော်ဒယ်အနေနဲ့လုပ်ကိုင်ခဲ့ပြီး တခြားသော Salonတွေ အလှကုန်ဆိုင်ရာ ဓာတ်ပုံတွေလဲအရိုက်ခံခဲ့ပါတယ်။

မော်ဒယ် လုပ်သက် ၂နှစ်ရှိပြီဖြစ်ခဲ့တဲ့ အီကူတဟာ လတ်တလောကမှ ဘွဲ့ရရှိခဲ့ပြီး တရားဝင်ကားမောင်းလိုင်စင်ရရှိခဲ့တာပါ။ သူမဟာ Asuka Traffic Dream Project ကို ဝင်ရောက်ခဲ့ပါတယ်။ အီကူတဟာ အခုဆို TV Showတွေမှာ ပါဝင်ခဲ့ပြီး ဂျပန်မှာ ပရိသတ်အခိုင်အမာရရှိပြီးဖြစ်ပါတယ်။

Source : nextshark

Translated by Alexa

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။