အခုခေတ်ကြီး တိုးတက်ပြောင်းလဲလာတာနဲ့ အမျှ အလှအပနဲ့ ခေတ်ရေစီးကြောင်းကလည်း ပြောင်းလဲလာကြပါတယ်။ အထူးသဖြင့် မိန်းကလေးတွေကြား ခေတ်စားနေတာကတော့ မျက်ခုံး တက်တူးထိုးတာပါပဲ။ မျက်ခုံးမွှေး ပါးနေသူများက မျက်ခုံးမွှေး များသယောင် ထင်ရသော မျက်ခုံးတက်တူး ထိုးကြပါတယ်။ ဒီလိုလုပ်ခြင်းက ငွေကြေး အကုန်အကျများတဲ့အပြင် အသားနာပြီး ၂နှစ်လောက်ပဲ ခံတာကြောင့် မိန်းကလေး အချို့ကလည်း စိတ်ကျေနပ်မှု နည်းကြပါတယ်။ ဒါ့ကြောင့် အိမ်တွင်းကုထုံးနည်းနဲ့ပဲ မျက်ခုံးမွှေးအားကောင်းဖို့အတွက် နည်းလမ်းလေးကို မျှဝေပေးလိုက်ပါတယ်။

လိုအပ်သော ပစ္စည်းများ

(၁) ကြက်ဆူဆီ (ထမင်းစားဇွန်း - ၂ဇွန်း)

(၂) သံလွင်ဆီ (ထမင်းစားဇွန်း - ၂ဇွန်း)

(၃) ရှားစောင်းလက်ပက် Gel (ထမင်းစားဇွန်း - ၂ဇွန်း)

(၄) ဗီတာမင် E အတောင့် ၂ လုံး antioxidant များစွာပါ၀င်လို့

(၅) ပုလင်းအသေး တစ်လုံး (၂လက်မ ပတ်လည်ခန့်)

(၆) Brush အသေး တစ်ခု

ကြက်ဆူဆီမှာ Omega 3 fatty acid၊ ဗီတာမင် E နဲ့ အသားဓာတ်တွေ ပါ၀င်ပါတယ်။ ရှားစောင်းလက်ပက် Gel မှာ amino acid တွေ ပါ၀င်ပါတယ်။ သံလွင်ဆီမှာ များစွာသော ဗီတာမင်တွေနဲ့ အသားဓာတ် တွေ ပါ၀င်နေပြီး ဗီတာမင် E မှာတော့ antioxidant များစွာပါ၀င်တာကြောင့် အမွှေးအမျှင်များ ရှင်သန်ဖို့ များစွာ အထောက်အကူပေးပါတယ်။ ဒါ့ကြောင့် ဒါလေးတွေ ပေါင်းစပ်ပြီး မျက်ခုံမွှေး အားကောင်းဖို့ ကုထုံးလေး လုပ်ကြည့်ရအောင် …. ။

အသုံးပြုပုံ အဆင့်ဆင့်

(၁) ရှားစောင်းလက်ပက် Gel နှင့် သံလွင်ဆီတို့ကို အရင်ရောမွှေပါ။

(၂) ထို့နောက် ကြက်ဆူဆီ နှင့် ဗီတာမင် E ကို ထပ်ထည့်၍ သမအောင်မွှေပါ။

(၃) ထိုအနှစ်များကို ပုလင်းလေးထဲသို့ ထည့်ထားပြီး Mascara ဆွဲတံကဲ့သို့ Brush အလုံးလေးနှင့် မျက်ခုံးနေရာသို့ ည မအိပ်ခင် လိမ်းပေးပါ။

(၄) မနက် မိုးလင်းသော အခါ မျက်နှာသစ်လိုက်ပါ။

ထိုသို့ ပုံမှန် ပြုလုပ်ပေးခြင်းဖြင့် လဝက်ခန့် (၂ပတ်ကြာပြီးနောက်) အချိန်တွင် သင်၏ မျက်ခုံးမွှေးများ သိသာထင်ရှားစွာ အားကောင်းလာမည်ကို တွေ့ရပါလိမ့်မယ်။ ထိုနည်းအတိုင်း မျက်တောင်မွှေးများကိုလည်း လိမ်းကျံပေးနိုင်ပါတယ်။

အားလုံးပဲ လှပ သော မျက်ခုံးလေးများ ပိုင်ဆိုင်နိုင်ကြပါစေ။

Source : YouTube

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။