ယခုအခါမှာတော့ ပစ္စည်းတွေအသုံးအဆောင်တွေကို onlineကတဆင့်မိမိကြိုက်နှစ်သတ်ရာတွေကို အချိန်ကုန်သက်သာစွာ မှာယူအသုံးပြုများလာကြပါပီ။တချို့ပစ္စည်းတွေက ဝယ်ယူသူတွေအတွက်ကောင်းမွန်တဲ့ပစ္စည်းဖြစ်နိုင်သလို တချို့ပစ္စည်းတွေကလည်းဝယ်ပြီးမှစိတ်တိုင်းမကျတာတွေလည်းဖြစ်တက်ပါတယ်။ဒါကလည်း ပစ္စည်းတွေပါ။ယခုအခါမှာတော့ အသုံးအဆောင်ပစ္စည်းတင်မကပါဘူးအိမ်မွေးတိရစ္ဆာန်ချစ်သူတွေအတွက်လည်း ထိုင်းနိုင်ငံကနေတဆင့်မှာယူရရှိနိုင်မယ့်သတင်းကောင်းတခုဖော်ပြလိုက်ရပါတယ်။

- အွန်လိုင်းကတစ်ဆင့် ထိုင်းနိုင်ငံမှာရှိတဲ့ အိမ်မွေးတိရစ္ဆာန်လေးတွေကိုအဝယ်တော်တွေဆီသို့ မြန်မာပြည်အရောက်ပို့ပေးနေပါပီ။ထိုင်းနိုုင်ငံမှာရှိတဲ့ အိမ်မွေးတိရစ္ဆာန်လေးတွေကို ရောင်းချနေတဲ့ ပေ့ချ်ကိုမြန်မာနိုင်ငံက ဝယ်ချင်တဲ့သူတွေနဲ့ ချိတ်ပေးတာတွေရှိတယ်၊ အဲဒီမှာသူတို့ကြိုက်တဲ့ အကောင်တွေကိုမေးတာတွေ၊ ဈေးညှိတာတွေ လုပ်တယ်၊ ပြောတဲ့ဘာသာ စကားကတော့ အင်္ဂလိပ်လိုပဲ ပြောတယ်၊ အဲဒီလိုမျိုးတွေသူတို့အချင်းချင်းပြောပြီးပြီဆိုမှပို့ဆောင်တာတွေလုပ်ပေးတယ်လို့ပြောပါတယ်။ဒီလိုပ့ချ်တွေသာမကဘဲ ဂရု(ပ်)တွေမှာလည်း အချင်းချင်းဈေးညှိပြီး ဝယ်ယူတာတွေကိုပြုလုပ်နေကြတယ်လို့ သိရပါ တယ်။ မြန်မာနိုင်ငံကိုသယ်ယူတဲ့အခါမှာလည်းလေကြောင်းနဲ့ သယ်ယူရတာအခက်အခဲတွေရှိ တာကြောင့် ကားလမ်းကနေသာသယ်ယူရတာဖြစ်တယ်လို့သိရပါတယ်။

ထိုင်းနိုင်ငံကနေ မြန်မာနိုင်ငံအရောက်ပို့ခက ထိုင်းဘတ် ၁၀ဝ၀ ကျသင့်မှာဖြစ်ပြီး မြန်မာငွေနဲ့ဆိုရင် ကျပ် ၄၀,ဝဝဝ လောက်ကျမှာဖြစ်တယ်။ ပို့ဆောင်တဲ့အခါမှာလည်း တစ်ဆင့်သွားယူစရာမလိုတော့ဘဲ အိမ်တိုင်ရာရောက်ပို့ ဆောင်နေတဲ့ စနစ်တွေရှိနေတာဖြစ်လို့ တိရစ္ဆာန်ချစ်သူတွေအ တွက်လည်း အဆင်ပြေနိုင်မှာပါ။

သတင်းအရင်းအမြစ်-kumudra

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။